အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား

1.8K 284 0
                                    

အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား

“ငါ့-င်ကြီးကိုဘဲ အရည်အချင်းမီနေလိုက် “

တွမ့်မူရှန်း ဒေါသထွက်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် အားလုံးက အံ့ဩသွားတော့သည်။ အမြဲတမ်းတည်ငြိမ်နေပြီး သူရှေ့၌ကြင်နာတတ်သော ဆရာတူ အစ်ကိုတစ်ယောက်သဖွယ် ပြုမူတတ်သည့် တတိယတပည့်က ရိုင်းစိုင်းသည့်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု လုကျိုးတောင် မထင်ထားပေ။

တစ်ချက်အော်ဟစ်လိုက်ပြီးနောက် တွမ့်မူရှန်သည် ချိန်းကြိုးဆီသို့ သူ၏စွမ်းအားများ ထည့်လိုက်ကာ ချိန်းကြိုးကို လျင်မြန်စွာ ပြင်းပြင်းထန်ထန် လွှဲယမ်းလိုက်တော့၏။ ကံကောင်းသည်မှာ မဟာခန်းမက လုံလောက်အောင် ကျယ်ဝန်းနေပေ၏. မဟုတ်လျှင် သူ့ကြောင့် ဖျက်ဆီးခံရနိုင်သည်။

“ဘန်း ဘန်း ဘန်း “

ရှေ့သို့ ခုန်တက်လာပြီးနောက် ကျို့ရှင်းချန်သည် နောက်ထပ်ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲထဲ ဆွဲသွင်းခံလိုက်ရပြီး စွမ်းအင်လှိုင်းများဖြင့် ထပ်မံပြည့်သွားတော့သည်။ ကြမ်းတမ်းသော တိုက်ပွဲများအပြင် တိုက်ကွက်များရှိနေသော်ငြား သူတို့၏ ကျင့်ကြံဆင့်ကြားတွင် ကွာဟချက်တစ်ခုရှိကြောင်း ပြောနိုင်ပေ၏။ ထိုကျို့ရှင်းချန်က တွမ့်မူရှန်းကို သူ၏စွမ်းအားပြကာ တမင်တကာ လုပ်နေတာပဲ ဖြစ်သည်။

လုကျိုးက သူတို့တိုက်ခိုက်တာကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေ၏။ သူကတစ်ခွန်းမှမပြော သူတို့ကို ဟန့်တားလိုစိတ်လည်းမရှိပေ။ သူတို့ တိုက်ခိုက်နေတာကိုကြည့်ခြင်းဖြင့် သူက သူ့တပည့်၏ ခွန်အားနှင့်ကျင့်ကြံဆင့်ကို ပိုမိုလေ့လာနိုင်ပြီဖြစ်ကာ မိစ္ဆာဘုရားကျောင်း၏ ဒုခေါင်းဆောင် ကျို့ရှင်းချန်၏ ခွန်အားကိုလည်း ကောင်းကောင်းမွန်မွန် ကြည့်နိုင်မှာပဲဖြစ်သည်။

ကျိထျန်းတောက်က သမာသမတ်ဂိုဏ်း၏ ပညာရှင်များစွာကို အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်ခဲ့ပြီး လောကကြီးကို သူ၏အရည်အချင်းများ ပြသခဲ့သော်ငြား သမာသမတ်ဂိုဏ်းသားများက သူတစ်နေ့လျှင် အသက်ကြီးပြီး အားနည်းလာမည်မှန်းသိနေပေ၏။ ကျင့်ကြံခြင်းလောကထဲတွင် ထိုအကန့်အသတ်ကို မည်သူမှ မချိုးဖြတ်နိုင်ပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now