အခန်း (၇၅) ထူးဆန်းသောစွမ်းအား

1.8K 268 2
                                    

အခန်း (၇၅) ထူးဆန်းသောစွမ်းအား

တခြားသူတွေက ကြီးမြတ်လှတဲ့ မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်နိုင်တယ်လို့ တွေးကုန်ရင် ဘယ်လိုလုပ်မလဲ။ ရှစ်စွင်းက ငါ့ကို ဒီကိစ္စအတွက်  အပြစ်တင်ရင် နောက်ဆက်တွဲကို ငါရင်ဆိုင်ရမှာ။

ရွှေနန်းဥယျာဉ်တောင်၏ အရံအတား ကျိုးပေါက်ခဲ့ချိန်က ကျိုးကျစ်ဖုန်းသည် ရှစ်စွမ်းကို လုပ်ကြံရန်အခွင့်အရေးရစဉ်၌ သူ အပြစ်တင်ခြင်းမခံရတိုင်း အင်မတန် ကံကောင်းမှန်း မင်ရှစ်ရင် သိနေပေသည်။ သို့သော် ထိုကဲ့သို့ ထပ်မံဖြစ်ပွားခဲ့လျှင် သူ၏ဆရာက သူ့ကို အပြစ်မတင်လျှင်တောင် သူ့ကိုယ်သူ စိတ်ပျက်မိလောက်သည်။

မင်ရှစ်ရင်က တောင်အနောက်ဖက်ဆီသို့ တိုက်တိုက်ဆိုင်ဆိုင်ဖြတ်သန်းသွားမိသည်။

ကျိုးကျစ်ဖုန်းသည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်ကြီးတစ်ဦး ဖြစ်ခဲ့ဖူး၏။ သူက နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျင့်ကြံသူများကြားထဲ၌ လူသိများပေသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ ထူးဆန်းသော ကြိမ်နှုန်းကို သူလည်းခံစားမိ၏။ မင်ရှစ်ရင် ဖြတ်သွားတာကို မြင်သည့်အချိန်၌ သူက လှမ်းခေါ်လိုက်မိသည်။

“စတုတ္ထသခင်လေး”

“ထွက်သွား။ မင်းပြန်လာရဲရင် ငါရိုက်ပစ်မှာ” မင်ရှစ်ရင်က ကျိန်ဆဲလိုက်တော့၏။

ကျိုးကျစ်ဖုန်းက အထိတ်တလန့်ဖြင့် ထခုန်မိတော့သည်။ ကနဦးချီမှ အသံလှိုင်း၏ကြိမ်နှုန်းကြောင့် သူ၏နားများ ထုံကျဉ်သွားကာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားစေ၏။ ပြီးနောက်သူသည် သစ်သားကျောက်ရုပ်နှယ်ရပ်နေသေးသည်။

“ငါ မင်းကို ရန်မစခဲ့မိဘူးလေ။ ရန်စမိလို့လား။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ သာမန်လူတွေ မရှိဘူးလား”

မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ နောက်ဆုံးတွင် ရောက်လာသည့်အချိန်တွင် ရှောင်ယွမ်အာကို တွေ့လိုက်တော့၏။ သူက သူမနားလျှောက်သွားကာ မေးလိုက်တော့သည်။

“ရှစ်မေ့ မိစ္ဆာဝေဟင်မျှော်နန်းထဲကို အပြင်လူ ခိုးဝင်လာတာတွေ့မိလား”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now