အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်

1.3K 198 1
                                    

အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်

လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့ ယွင်ဂိုဏ်းသားများက လိမ္မာပါးနပ်ကြသည်။

ထိုစဉ် ဟွားဝူတောက်က ထပ်ပြောလိုက်သည်။

“ဒါပေမဲ့  … သူတို့က အပိုတောင်းဆိုချက်တစ်ခု ရှိနေတယ်”

“ဘာတဲ့လဲ ”

“တင်းဖန်ချိုးနဲ့ မလုံလောက်ဘူး … သူတို့က ကောင်းကင်အဆင့် လက်နက်ပါ တောင်းဆိုနေတယ်”

ဟွားဝူတောက်၏ အသံက တဖြည်းဖြည်း တိုးသွားလေသည်။ သူက ယွင်ဂိုဏ်းကိုယ်စား ပြောပေးနေရသလို ခံစားနေရသည်။

ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း ဖြစ်၏။ မျှော်နန်းသခင်သည် ထိုအကြောင်းကို ကြားပြီး ဒေါသမထွက်ဘဲ နေလိမ့်မည်ဟု မည်သူမှ အာမမခံနိုင်ပေ။

လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူ့မျက်နှာထက်တွင် လူငယ်မျိုးဆက်လိုမျိုး အမူအရာများစွာ ထုတ်ဖော်ပြသဖို့ မဖြစ်နိုင်ပေ။

မင်ရှစ်ရင်က ပြောလိုက်သည်။ 

“ သူတို့လောဘက အဆုံးမရှိဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့နဲ့ သဘောတူညီမှုယူတာကိုက မျက်နှာသာပေးထားလှပြီ။ သူတို့က ကောင်းကင်အဆင့် လက်နက် တောင်းဆိုနေသေးတာတဲ့လား။ ကောင်းကင်အဆင့် လက်နက် ဘယ်လောက်အဖိုးတန်မှန်း မသိကြဘူးလား ”

ယွင်ဂိုဏ်းက တင်းဖန်ချိုး၏ တန်ဖိုးမှာ နည်းလွန်းကြောင်း ခံစားမိကာ ဒုတိယတစ်ခု ထပ်တောင်းဆိုလာခြင်း ဖြစ်၏။ တင်းဖန်ချိုးက ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့် ရှိသော်လည်း ဟေးမုလျန်လောက် တန်ဖိုးမရှိချေ။

“ကောင်းကင်အဆင့် လက်နက်တွေက ဘယ်လောက်အဖိုးတန်မှန်း သိပါတယ်။ သူတို့နဲ့ လဲလှယ်ဖို့ အကြံမပေးပါဘူး ”  ဟွားဝူတောက်က သူ့ပုံစံမှကွဲထွက်သလို ဖြစ်နေသည်။

မင်ရှစ်ရင်က အံ့ဩသွားပြီး မေးလိုက်သည်။

“တင်းဖန်ချိုးကို စိတ်မပူတော့ဘူးလား ”

“ အဲဒါနဲ့ ပတ်သက်ပြီး အပြစ်ရှိစိတ် ခံစားရပေမဲ့ ကျုပ်နေရာ ကျုပ် သိပါတယ်” ဟွားဝူတောက်က ပြန်ဖြေလိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now