အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း

Start from the beginning
                                    

သို့သော် သူပြောပြီးသည့်အချိန်တွင် လော့ရှစ်စန်းက လက်ကိုဝှေ့ယမ်းလျက် လက်ဝါးချိပ်ပိတ်မှု တစ်ခုကို ပို့ဆောင်လိုက်တော့သည်။

ဘန်း

ယင်းက တပည့်၏ပါးပေါ် အညှာအတာမရှိကျရောက်သွားခဲ့သည်။ သူက လေထဲတစ်ပတ်လည်သွား ပြီးနောက် မြေကြီးပေါ်ပြုတ်ကျသွားတော့၏။ မျက်နှာက နီရဲပြီးယောင်ကိုင်းနေတော့သည်။

ဓားစင်မြင့်ထက်၌ တိတ်ဆိတ်မှုတို့က ကြီးစိုးသွားတော့၏။

လော့ရှစ်စန်းက ထူးမခြားနားပြောလိုက်တော့သည်။ “မျှတတဲ့တိုက်ပွဲလိုချင်တယ်လို့ပြောနေတာ”

ယွီရှန်းရုန်သည် သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ကို ထိန်းထား၏။ သူ၏မျက်လုံးထဲတွင် လှိုင်းဂယက်ငယ်များကို မတွေ့ရပေ။ သူက ယင်ကောင်လေးများကို ဘယ်တော့မှ သတိပြုမိမှာ မဟုတ်ချေ။

“မင်း အဆင်ပြေတဲ့အချိန်ပေါ့” လော့ရှစ်စန်းက ညာလက်ဖြင့် ညွှန်ပြကာ သူ့လက်ဖဝါးကို ရှေ့သို့ ဦးတည်လိုက်သည်။

ဓားစင်မြင့်၏ အလယ်တွင် အမွှေးနံ့သာအိုးထဲမှ ဖျတ်ခနဲလှုပ်ရှားလာလေ၏။ ဓားတစ်လက်က ပေါ်ထွက်လာပြီး လော့ရှစ်စန်း၏လက်ထဲသို့ ပျံဝင်လာ၏။ ယင်းက အထွတ်အထိပ်မြေကမ္ဘာ အဆင့်လက်နက်ဖြစ်သည်။

ယွီရှန်းရုန်က ထူးမခြားနားရှိနေလေ၏။ ထိုဓားက သူ၏အာရုံစိုက်မှုကို ရရန်မထိုက်တန်ချေ။

လော့ရှစ်စန်းက ယွီရှန်းရုန်၏ အလေးမထားမှုကို အာရုံခံမိ၏။ သူကလည်း ဒေါသထွက်သွား တော့သည်။ လက်ကိုဝှေ့ယမ်းလိုက်လေ၏။ ဓားက ရုတ်တရက် ဆယ်စင်းအဖြစ်ခွဲထွက်သွားသည်။ ထိုဓားဆယ်စင်းက သိပ်သည်းသော စွမ်းအင်များအဖြစ်ရစ်ပတ်လျက် လေထဲ၌ ပျံဝဲနေတော့သည်။

ဓားစင်မြင့်ထက်ရှိ တပည့်များက ထိုအရာကို မြင်သည့်အချိန်၌ စိတ်လှုပ်ရှားသွားပုံပေါ်သည်။ သူတို့အားလုံးက သူတို့ဆရာနှင့် ဓားနတ်ဆိုးကြားရှိတိုက်ပွဲကို မျက်မြင်တွေ့ရတော့မည့်အတွက် တစ်ပန်းသာသည်ဟု ခံစားမိနေကြသည်။

ယင်းက ဓားဆယ့်သုံးလက်နှင့်မတူညီပေ။ စွမ်းအင်ဓားသွားများက ကနဦးချီသိပ်သည်းမှုဖြင့် ဖွဲ့တည် ရုံမျှသာရှိသည်။ ဓားဆယ်လက်ကမူ ရေသွယ်မြောင်းသဖွယ်ဆက်သွယ်ပေး၏။ သူတို့က ဓားဆယ့်သုံးလက်ထက်ပိုပြီး အစွမ်းထက်သည်။ လက်နက်တစ်ခု၏အရေးပါမှုကို ရှင်းရှင်း လင်းလင်းပြသနိုင်ခဲ့၏။ လူတိုင်းက ဓားဆယ်လက်ကို စိုက်ကြည့်နေကြသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now