အခန်း (၁၇၀) ဟေးမုလျန်

Start from the beginning
                                    

သူတို့ လျှောက်လှမ်းလာစဉ် မင်ရှစ်ရင်က ကျူးဟုန်ကုန်းနောက်ကျောကို ရိုက်ချလိုက်စဉ်အခါက ခံစားချက်ကို ပြန်လည် အမှတ်ရသွားကာ မေးလိုက်သည်။

“ လောင်ပါ့ မင်း ဘာတွေဝတ်ထားတာလဲ ”

ကျူးဟုန်ကုန်းက သူ့ဝတ်ရုံကို ခပ်တင်းတင်း ဆွဲစေ့ကာ “ရှစ်ရှိုး … မဟုတ်တတ်ကရတွေ မတွေးရဘူးနော် ”

မင်ရှစ်ရင်က ခေါင်းခါကာ ပြောလိုက်သည်  “ ထားလိုက်တော့။ မင်း ဖုံးကွယ်မနေနဲ့။ လောင်ချီက မင်းအတွက် ဇင်အဝတ်ကိုတောင် ပေးထားမယ်လို့ မထင်ထားမိဘူး ”

“…”

“ မင်း ဟိုကတုံးတွေ လက်ထဲ သေအောင်အရိုက်မခံရသေးတာ အံ့ဩဖို့ကောင်းသား”မင်ရှစ်ရင်က လက်မထောင်ပြလိုက်သည်။

ကျူးဟုန်ကုန်းက ရယ်မောကာ  “ ဒါတွေက ပုံမှန်ပါပဲ ”

နှစ်ယောက်သား လေထဲရောက်ရှိသွားသည်။

…………….

ထိုစဉ်

“တင်း … ငမိုက်သား ကျူးဟုန်ကုန်းကို ဖမ်းမိတဲ့အတွက် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါတယ် ”

ထိုအရာက လုကျိုးကို အံ့ဩသွားစေသည်။ အစပိုင်းတွင် သူက မင်ရှစ်ရင်ကို လောင်ပါ့၏ အကြံအစည် ရှာထုတ်ခိုင်းဖို့သာ ရည်ရွယ်ထားခဲ့သည်။ မင်ရှစ်ရင်က လောင်ပါ့ကို ဖမ်းလာနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ လောင်ပါ့ကို ဖမ်းမိလာသည်မှာ ကိစ္စကောင်း ဖြစ်၏။ ဤနည်းဖြင့် သူက ပြဿနာရှာနိုင်တော့မည် မဟုတ်ချေ။

လုကျိုးက စနစ်ကို တစ်ချက်ကြည့်လိုက်သည်။

နာမည်။     ။ လုကျိုး

မျိုးနွယ်။     ။ လူသား

ကျင့်ကြံဆင့်။    ။ ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခု အဆင့်

ကုသိုလ် အမှတ်။   ။  ၁၃၃၁၂ မှတ်

စိတ်ဝိညာဉ် သဏ္ဍာန်။   ။ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း

ကျန်ရှိသက်တမ်း၊    ။  ၅၉၈၈ ရက်

အသုံးပစ္စည်း။    ။ အသေရိုက်ချက် တစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ခုနှစ်ကတ်၊ ချုပ်နှောင်ခြင်း လှောင်ချိုင့် လေးခု၊ သန့်စင်ရေးအဆောင် နှစ်ခု၊ ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဍာန်ကတ် တစ်ကတ်၊ မှော်နတ်ခြင်္သေ့ (အနားယူ)၊ ပိအန်း

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now