အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့

Start from the beginning
                                    

“ကြည့်ရတာ လောင်ချီရဲ့ ယုံကြည်ချက်တွေ တစတစ ကုန်သွားပုံပဲ။ မင်းအသံက တုံ့ဆိုင်းနေတယ်”

ယွီရှန်းရုန်က ပြောလိုက်သည်။

စီးဝူယာ့က ခေါင်းညိတ်လိုက်ပြီး မငြင်းဆန်ပေ။ ထို့နောက် သူက  “ ဒီသတင်းက မဟူရာကွန်ယက်ကနေ ရထားတာ။ ဒါပေမဲ့ တင်ပြချက်ထဲမှာ အထင်မြင်ကွဲစရာတွေ ရှိနေတယ်။ ဝါရင့်ဗုဒ္ဓကိုယ်တော် အကြောင်းက ယုံလို့ မရဘူး။ အထွတ်အမြတ် ယဇ်ပလ္လင်မှာ ဗုဒ္ဓဂိုဏ်းက ဝင်ပါခဲ့ပေမဲ့  အဲဒီဝါစဉ်ကြီး ဗုဒ္ဓဘုန်းတော်ကြီးက ရှစ်စွင်း ကိုယ်တိုင် ဖြစ်နေနိုင်ခြေရှိတယ် … ”

ယွီရှန်းရုန်က အနည်းငယ် အံ့အားသင့်သွားပြီး  “ရှစ်စွင်းက ကျင့်စဉ်အများအပြားကို ကျွမ်းကျင်တာဆိုတော့ မင်းရဲ့ ခန့်မှန်းချက်က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ”

“အမှန်သာဆိုရင် ရှစ်စွင်းက တခြားဂိုဏ်းရဲ့ ကျင့်စဉ်ကို ကျွမ်းကျင်တတ်မြောက်ဖို့ နည်းလမ်း တွေ့သွားနိုင်ခြေရှိတယ်။ ဟုတ်တယ် အဲလို ဖြစ်နိုင်တယ်” စီးဝူယာ့က ပြောလိုက်သည်။

ယွီရှန်းရုန်က ပြန်မဖြေပေ။ သူက တိတ်တဆိတ်သာ နေနေပြီး အန်ယန်းမြို့ အဝေးတစ်နေရာဆီ လှမ်းကြည့်နေသည်။

လမ်းပေါ်ရှိ လူအုပ်ကြီးက ဖြည်းဖြည်းချင်း ကျဲလာပြီး နေလည်း ဝင်သွားလေပြီ။

နောက်ဆုံးတွင် စီးဝူယာ့က သေတ္တာကို လှည့်ကြည့်လိုက်ပြီး  “အာ့ရှစ်ရှိုး ဒီသေတ္တာကို ဖွင့်၊ မဖွင့်က ရှစ်ရှိုးအပေါ်မှာ မူတည်တယ် ”

“မင်းက ရွေးချယ်ပြီးသွားပြီလား ”

“ရှစ်စွင်း အချိန်က စေ့လုပြီ။ တကယ်လို့ သူက နည်းလမ်းအသစ်ရှာတွေ့ရင် ကျွန်တော် သေချာကို စောင့်ကြည့်နေဦးမှာ” စီးဝူယာ့က ပြောလိုက်သည်။

“ ငါက ဦးနှောက်သုံးရတာ မကြိုက်ဘူး …” ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ ငါ မင်းနည်းလမ်းတွေကို သဘောမကျတဲ့အခါမျိုးတွေ ရှိပေမဲ့ ဒီကိစ္စမှာတော့ မင်းမှန်တယ်” သူက ဓားကို မယူလိုက်သော်လည်း သူ့နောက်ရှိ ဓားရှည်က အနီရောင်ဖျော့ဖျော့ လင်းလက်လာကာ သူ့ဘာသာ လှုပ်ရှားလာသည်။ ထို့နောက် သေတ္တာမြောင်းထဲ ဝင်သွားလိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now