Real life 2 End

3.9K 337 15
                                    

ဝမ်ရိပေါ်က ရှောင်းအိမ်တော်ကို ရောက်နေခဲ့ပြီ
ရှောင်းမားက ဧည့်ခန်းထဲမှာ ဧည့်ခံထားပြီး
သူတွေ့ချင်သူက အိပ်နေတုန်းဟု ဆိုလာလေသည်

"မား သွားနှိုးလိုက်အုံးမယ်နော်
သားဝမ် ကိုယ့်အိမ်ကိုယ့်ရာလို့ပဲ သက်သောင့်သက်သာ နေပါ "

ရိပေါ်က သူ့ရဲ့အနာဂတ်ယောက္ခမလောင်းကြီးအား အပြုံးရေးရေးဖြင့် တုန့်ပြန်လိုက်သည်
အဲ့နောက် ယောက္ခမကြီးက အပေါ်ထပ်ကို လောလော လောလောနဲ့ တက်သွားလေသည်

သိပ်တော့မစောင့်လိုက်ရပါ
15minလောက်နေတော့
ယောက္ခမကြီးနဲ့အတူ သူ့အိမ်မက်ထဲက အလှလေးပါ ပါလာလေသည်

"စောင့်ရတာကြာသွားလား "

သူ့အလှလေးက ဘေးနားဝင်ထိုင်ကာ ရင်းရင်းနှီးနှီးပြောဆိုလာသည်
သေချာတယ် ဒါလေးကသေချာပေါက်သူ့အိမ်ထောင်ဖက်ပဲ တခြားသူကို မပေးပစ်နိုင်ပါဘူး ကံကြမ္မာကိုက သူတို့နှစ်ယောက်ကို စီစဥ်ပေးခဲ့သေးတာပဲဟာ

"ကျန့်ကို စောင့်ရတာပဲ တစ်ကမ္ဘာလောက်ကြာလည်း ဖြစ်တယ် "

တွေ့တွေ့ချင်း flirtခံလိုက်ရတာမို့
ရှက်သွားတာမျိုးတော့ မဖြစ်ခဲ့ပေ
ဒီလူနဲ့ရင်းနှီးခဲ့ရတာ ဘယ်နှကမ္ဘာမို့လို့လဲ

"ခြံထဲမှာ စကားပြောကြမလား "

ရှောင်းကျန့်က အဖြေကိုတောင်မစောင့်တော့ဘဲ သူ့ခင်ပွန်းလောင်းအား လက်ဆွဲခေါ်သွားတော့သည်
အိမ်ထဲမှာက မားမားနဲ့ဆို မလွတ်လပ်ဘူးမလား






ရှောင်းကျန့်က အိမ်တော်ရဲ့ဘေးကပ်လျက်မှာရှိနေတဲ့ ရေကူးကန်ရဲ့ ကန်ဘောင်နားမှာ ထိုင်ရင်း ခြေထောက်ကို ရေထဲသို့ ပို့လိုက်သည်
ရိပေါ်ကလည်း တစ်ယောက်သောသူ လုပ်တဲ့အတိုင်း တစ်ပုံစံလိုက်လုပ်သည်

"ရိပေါ်ကို တစ်ခုတော့ ပြောထားချင်တယ်"

ရိပေါ်က ပြောလေဆိုတဲ့ သဘောနဲ့ ခေါင်းညိတ်ပြကာ သူ့ရဲ့ အာရုံကို ရှောင်းကျန့်ဆီ ပို့ထားလေသည်

ဒါကြောင့် ရှောင်းကျန့်လည်း တုံ့ဆိုင်းမနေဘဲ ပြောထွက်ခဲ့သည်

You've reached the end of published parts.

⏰ Last updated: Sep 12, 2022 ⏰

Add this story to your Library to get notified about new parts!

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now