Arc 7.6

2.5K 277 7
                                    

ရှောင်းကျန့် စိတ်လေလေနဲ့ ကျီအိမ်တော်ပြန်လာခဲ့တာပါဆို
အခန်းရှေ့မှာ မျက်နှာဆိုးနဲ့ ကြိုနေတာက
ချစ်ညီမ ကျီယွဲ့
မျက်နှာ မှာ စိတ်ဆိုးနေကြောင်းပြထားပုံ အရ
အိမ်တော်မှာ တစ်ခုခု ဖြစ်သွားခဲ့ပြီဆို တာ ရိပ်မိလိုက်သည်

"ကော  တမင်လုပ်တာမလား "

အဆက်အစပ်မရှိပြောလာတဲ့ စကားလုံးတို့က နားလည်ရခက်စွာ

"ဘာကိုလဲ "

"ချန်သခင်လေး စေ့စပ်ပွဲဖျက်သွားတဲ့ ကိစ္စ လေ "

သြော် ကောင်းတဲ့ကိစ္စပဲဟာ
တစ်နေကုန် ပင်ပန်းခဲ့သမျှ ဒီစကားကြားမှ အားပြည့်သွားသယောင်
ဒီလိုဆိုတော့ ချစ်သူလေးက ဘယ်ဆိုးလို့လဲ
တော်သားပဲ မြန်မြန်ဆန်ဆန် ကိစ္စဖြတ်တာ ကောင်းတယ်
မဟုတ်ရင် အလကားနေရင်း သဝန်တိုနေရလိမ့်မယ်

"ကိုယ့်ညီမအတွက် ဝမ်းနည်းပုံလေးတောင်မပြဘူးပဲ
ကြိုသိနေတာမလား
ဒါမဟုတ် ကောရဲ့ အကြံများလား "

ခနဲ့ရုံမက သူ့အား လူဆိုးဇာတ်ပါသွင်းနေတာမို့ ရှောင်းကျန့် ငြိမ်ခံနေ၍တော့မရ

"စွပ်စွဲနေတာလား ယွဲ့အာ ကိုယ့်အကို
ပြန်ပြီးတော့လေ "

သူ့စကားကြားသည်နှင့် တဟားဟားအော်ရယ်လာသော ယွဲ့အာရဲ့ ရယ်သံ များဟာ အသက်မပါ
သက်သက်လှောင်ချင်၍သာ လုပ်ရယ်သည့် ရယ်သံမျိုး

"စွပ်စွဲစရာတောင်မလိုဘူး ကောရဲ့
ချန်သခင်လေးက ညမနဲ့ စေ့စပ်ပွဲကို ဖျက်ပြီး
ကောကို တောင်းရမ်းသွားတာ
သူ့ကို မလိုချင်လို့ ရှောင်ပြေးထားတဲ့ လူမှန်း မသိဘဲနဲ့ပေါ့"

ရှောင်းကျန့် ခုမှသဘောပေါက်တော့သည်
ယွဲ့အာက ခံရခက်နေတာပဲ

" အခုကိစ္စ အတွက် ကောကပဲ ယွဲ့အာကို တောင်းပန်ပါ့မယ်
ယွဲ့အာဘက်ကလဲ ကိုယ့်ကိုမချစ်တဲ့ သူနဲ့ လက်မဆက်ရလို့ ကံကောင်းတယ်လို့ မှတ်ယူစေချင်တယ်
မဟုတ်ရင် ယွဲ့အာပဲ စိတ်ဖိစီးရလိမ့်မယ်
ပြန်ပြီး တွေးကြည့်အုံး ယွဲ့အာ
ကောနား ချင်ပြီ "

ရှောင်းကျန့်သည် အတတ်နိုင်ဆုံးယွဲ့အာကို စိတ်မဆိုးစေချင်ပြောလိုက်ခြင်းဖြစ်ပေမယ့်
ကျီယွဲ့က တော့ ထိုသို့မတွေးပါ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now