Arc 8.3

2.3K 285 7
                                    

သူနဲ့လင်းသုတ ပွဲဆီပြန်ရောက်တော့
အကြည့်စူးစူးတွေနဲ့ အလိုမကျသလို ကြည့်လာတဲ့ သခင်လေး မင်းဆက်မဟာ

အသက်ကြီးကြီး အရှိန်အဝါကြီးကြီး
လူကြီးမင်းသာ အိမ်တော်ထဲက ထွက်မလာခဲ့ဘူးဆိုရင် သူတို့နှစ်ယောက်ကို ပွဲထဲမှာပင် အပြစ်ပေးတော့မယောင်

ယခုတော့ သူတို့နှစ်ယောက်အား
အရေးစိုက်တော့ပုံမရ
အစောက လူကြီးမင်းအနားသာ သူ့ဦးလေးဆိုသူနဲ့အပြိုင် တိုးကပ်သွားကြသည်

ရှောင်းကျန့်စိတ်ကလေး ညှိုးနွမ်းသွားသည် ဒီကမ္ဘာမှာ သူ့ရဲ့ဖြစ်တည်မှုက အရံသာသာလိုပဲ
သိမ်ငယ်စရာကောင်းလိုက်တာ

"သျှားလာလေ သခင်လေးနဲ့
နှစ်မီတာဝန်းကျင်မှာ ရှိရမယ်လို့ မှာထားတယ်လေ "

အတွေးများနေတဲ့ သူ့အား သုတက သတိပေးလာတော့
ပွဲထဲမှာ သခင်လေးမင်းဆက်မဟာအား ဝေ့ဝဲကြည့်လိုက်သည်
သူတို့နဲ့ အနည်းငယ်ကွာဝေးသော အထူးပြင်ဆင်ထားပုံရတဲ့
စားပွဲတွင် လူကြီးမင်းနှင့်အတူ
ထိုင်နေတာတွေ့ရသည်
ဒီလိုလူစည်တဲ့ပွဲမျိုးတွေက သခင်လေးတို့အတွက်မလုံခြုံ
လုပ်ကြံချင်သူနဲ့ စမ်းသပ်ချင်သူ ပေါများလေသည်

ဒါကြောင့် သုတ ခေါ်ရာ ခပ်သုတ်သုတ်လိုက်ရသည် အတွေးများနေတဲ့ အကျင့်ကို ပြင်အုံးမှ
မဟုတ်လျှင် ကိုယ်ရံတော်က အရင် မာလကီးယားသွားလိမ့်မယ်

"လူတိုင်းကို အကဲခတ်ရမယ်နော် သျှား
လုပ်ကြံသူက အသွင်အမျိုးမျိုးပြောင်းထားနိုင်တယ်"

သုတရဲ့ ထပ်မံသတိပေးလာမှု အပေါ် ရှောင်းကျန့်တို့က စိတ်မလှုပ်မရှား
သူ့မှာ Xiao Paing တစ်ယောက်လုံးရှိနေတယ်လေ
ဘာကြောင့် အပင်ပန်းခံပြီး လိုက်အကဲခတ်နေရမှာလဲ

*ဒီပွဲထဲမှာ လုပ်ကြံသူ ရှိနေလား Xiao Paing *

*ရှိနေပါတယ် host ဒါပေမယ့် စိတ်ပူစရာ မလိုပါဘူး
ဇာတ်လိုက် ဦးလေးကို လုပ်ကြံမယ်သူပါ
hostဝင်မပါလဲ ရပါတယ် *

Xiao Paing ရဲ့ အပြောကြောင့်
ဦးလေဆိုသူကို ကြည့်လိုက်တော့
လူကြီးမင်းအား အပြုံးချိုချိုလေးတွေနဲ့ ဘာတွေပြောနေမှန်းမသိ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now