Arc 7.10

2.5K 258 4
                                    

ဒီနေ့မှာ ကျီအိမ်တော်က ရှင်ဘုရင်ရဲ့
အထူးဖိတ်ကြားမှုးကြောင့်
နန်းတွင်းသို့ မိသားစု လေးယောက်လုံး
ရောက်လာရတယ်

ကြာကန်ဘေး ဥယျာဥ်ထဲမှာ စားပွဲကို တစ်သီးတစ်သန့် ပြင်ဆင်ပေးထားပုံအရဆို တစ်ခုခုထူးခြားမယ်ဆိုတာ
လေးယောက်လုံးရိပ်မိလိုက်တယ်
ရှင်ဘုရင်တစ်ပါးက သူတို့ကို
အချိန်ပုပ်ခံပြီး ခေါ်တွေ့နေမှာ မဟုတ်ဘူးလေ

နန်းတွင်းအပျိုတော်လေးများရဲ့ ခေါ်ဆောင်လာမှုနဲ့အတူ
ရှင်ဘုရင်ရှေ့ရောက်တာနဲ့
ကျီတစ်မိသားစုလုံးဟာ
ပြည့်ရှင်နဲ့ မိဖုရားကို ဂါဝရပြုလိုက်ကြသည်
ရှင်ဘုရင်နဲ့ မိဖုရားအပြင် ထိုစားပွဲမှာ အိမ်ရှေ့စံရော ချန်သခင်လေးပါ ရှိနေသေးသည်

"ကျီသခင်ကြီးတို့ ထိုင်ဗျာ
ဒီတစ်နေ့တော့ ပေါ့ပေါ့ပါးပါးပေါ့ဗျာ
ကျုပ်ဒီနေ့ဖိတ်ကြားရတာ
သားရေးသမီးရေးဗျ "

ရှင်ဘုရင်က ရယ်ရယ်မောမော
ပြောဆိုလာသော်လည်း
ကျီသခင်ကြီး သခင်မကြီးဟာ တောင့်ခနဲ
အံသြရိပ်များဟာလည်း မထိန်းနိုင်းမသိမ်းနိုင်
ပုံမှန်ဆို အမိန့်စာလွှာတစ်ချက်နဲ့ တော်ကောက်လိုက်ရင် ရတဲ့ဟာ
အခုလို အထူးတလည် ဖိတ်ကြားခံရမှုမျိုးဆို
သူ့သားနဲ့သမီး တစ်ယောက်ယောက်ဟာ
အိမ်ရှေ့စံမျက်နိုးမှု ခံနေရပြီထင်ပါရဲ့
သမီးယွဲ့အာဆို စေ့စပ်ပွဲပျက်ထားသူမို့ ကိစ္စမရှိသော်လည်း
သားကြီးကျီဝေ့ဆိုလျှင်တော့
ချန်အကြံပေးနဲ့ မျက်နှာပျက်ချေတော့မည်
ချန်အကြံပေးကလည်း သူ့သားတော်မောင်အား စကားစထားသေးသည် မဟုတ်လား
ယွဲ့အာ ဖြစ်ဖို့သာ ဆုတောင်းနေသော ကျီသခင်ကြီးဟာ ပူပန်မှု အပြည့်

"ကျီသခင်ကြီးတို့က သားရော
သမီးရော လှလှလေးတွေ မွေးထားတာပဲ
ကျုပ်သား အိမ်ရှေ့စံ ချစ်မြတ်နိုးတာလည်း မပြောနဲ့ "

"ချီးကျူးလွန်းနေပါပြီ အရှင် "

အရှင်ရဲ့ နှုတ်ထွက်စကားတို့ဟာ ယခုထိ မသဲကွဲသေးတာမို့
ကျီသခင်ကြီးမှာ ရတက်မအေး
သားနဲ့ သမီး မျက်နှာကို အကဲ ခတ်ကြည့်တော့လည်း နှစ်ယောက်လုံးက မျက်နှာပျက်ချင်ချင် ဖြစ်နေကြသည်

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now