Arc 8.14

2.7K 309 10
                                    

မင်းဆက်မဟာက သတိလစ်သွားတဲ့ကောင်လေးပွေ့ချီကာ ဆရာဝန်ပြပေးဖို့တွေးထားပေမယ့် ကံကြမ္မာက လက်မခံ
သေနတ်တစ်လက်နဲ့ မာမီက လာရောက် တားဆီးလေသည်
အစောက သေနတ်သံတွေကြောင့် ရိပ်မိပြီး ရောက်လာတာဖြစ်လိမ့်မည်
အနားမှာ တေဇနဲ့ အခြားသော ကိုယ်ရံတော် တွေရှိနေပေမယ့်
ဒီအရေးဟာ မာမီနဲ့ မင်းဆက်မဟာ ထိပ်တိုက်ရှင်းရမယ့် ကိစ္စဖြစ်နေသည်
မင်းဆက်မဟာက လက်ထဲက သူ့ကောင်လေးအား တေဇလက်ထဲ ထည့်ပေးပြီး
အရင်သွားဖို့ ပြောလိုက်ပေမယ့် မာမီက လက်မခံ

"အဲ့ကောင်လေး ဒီအပန်းဖြေအိမ်ရာက
အသက်ရှင်လျှက် ထွက်သွားခွင့်မရှိဘူး"

မာမီက ကောင်လေးအား သေနတ်နဲ့ ချိန်ထားရင်းပြောလာသည်

"တော်လိုက်ပါတော့ မာမီ
မာမီဒေါသတွေက ကောင်လေး ဆီမှာ ပုံချရမှာမဟုတ်ဘူးလေ
မာမီ သတ်ချင်ရင် ဟိုလူကြီးကို သွားသတ်ပါ
ဒီကိစ္စက ကောင်လေးနဲ့ မဆိုင်ဘူး"

"မင်းဆက်မဟာ မွှန်မနေနဲ့တော့
omegaဆိုရွံရှာနေရမယ်လို့ မာမီ သင်ပေးထားတာတွေ မေ့နေပြီလား 
ဒီမျိုးဆက်ကိုဆို ပိုလို့ရွံရှာနေရမှာ "

မာမီပြောရင်း စိတ်လှုပ်ရှားလာတာမို့
ကောင်းလေးအား သေနတ်ဖြင့် ပစ်ခဲ့သည်
ကံကောင်းလွန်းတာကြောင့်ရော
မာမီက သေနတ်ကိုင်နေကျသူမဟုတ်တဲ့ အတွက်ပါ လွဲချော်သွားခဲ့တာ

မင်းဆက်မဟာလည်း အထိတ်တလန့်နဲ့ ကောင်လေးအား သူ့ကိုယ်ဖြင့်ကွယ်ထားလိုက်ပြီး

"မာမီ စိတ်ပြေချင်ရင် ဒေါသ ဖြေချင်ရင်
ကျွန်တော့ကိုပဲ အရင် သတ်သွားလိုက်ပါ
ကောင်လေးကို တော့ လွှတ်ပေးလို့ရမလား "

"မင်းဆက်မဟာ "

မာမီက သူ့အား မယုံနိုင်စွာ ကြည့်လာခဲ့သည်
မတတ်နိုင်ပါ
သူချစ်တဲ့ကောင်လေးအား ဒီလောက်တော့ ကာကွယ်ပေးချင်ပါသည်

"မာမီအခြေအနေကို သိခဲ့ရက်နဲ့တောင်
မင်းက သူ့ကို ရွေးအုံးမယ်ဆို
ဒီနေ့က စပြီး မင်း ငါ့သားမဟုတ်တော့ဘူး "

"ကျွန်တော်က မကောင်းတဲ့သားပါ မာမီ "

မင်းဆက်မဟာက ေကောင်လေးကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ သည်
အစောက ကောင်လေးပေါ်ပြုထားမိတဲ့မာမီရဲ့အပြစ်တွေအတွက် ဒီနည်းလမ်းနဲ့ သင်ပုန်းချေလိုက်ပါ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now