Arc 6.17

2.4K 243 1
                                    

ရှောင်းကျန့်တစ်ယောက် သူ့babyအားအကဲခတ်နေရသည်
Tonခေါ်လို့သွားပြီး ပြန်လာထဲက မျက်နှာ မကောင်း စိတ်တိုနေပုံရသည်
သူ့အားလည်းစကားပြန်မပြော ငြိမ်သက်လို့နေသည်
သို့သော် သူ့အခန်းလည်းသူမပြန်တာကြောင့်
အချော့ခံချင်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေပြန်သည်

"babyyyyyy "

ရှောင်းကျန့် ကလေးပေါက်စအား ခပ်ချွဲချွဲလေးခေါ်လိုက်သည်
ခုလိုမျိုးကြီးကို တကယ်မနေတတ်ပါ

"ဘာဖြစ်နေတာလဲ ပြောကွာ
မဟုတ်ရင် ငါ babyကို စိတ်ကောက်မိတော့မယ် "

ထိုအခါမှ မျက်နှာလေးလှည့်လာကာ သူ့အားကြည့်တော့သည်

"baby ကို Tonက ဆူလိုက်လို့လာယ
ငါသွားရှင်းမယ် "

ရှောင်းကျန့် ဟန်ပါပါနဲ့ထတော့
babyက ဆွဲကာ ဖက်ထားသည်
မသွားနဲ့ဆိုတဲ့သဘော...

"ဦးငယ်နား မသွားနဲ့
ဝေးဝေးရှောင်"

"သဝန်တိုနေတာလား "

"ဟုတ်တယ် "

ရှောင်းကျန့် သူ့babyအားအသည်းယားလွန်းလို့ ပါးဖောင်းဖောင်းတို့အား လက်နှစ်ဖက်ဖြင့် ဆွဲညှစ်ပစ်သည်
အဲနောက် ထော်ထွက်လာသော နှုတ်ခမ်းလေးအား မွမွပေးလိုက်သည်

"လူဆိုးလေး ကိုယ့်ဦးလေးတောင် အလွတ်မပေးဘူး "

"သူက အဆိုးဆုံးပဲ ချစ်ဆုံးရဲ့
ခုလည်း ပြောလိုက်သေးတယ်
ချစ်ဆုံးက သူနဲ့ပဲ လက်ထပ်ရမှာတဲ့ "

"အဲ့တာကြောင့် စိတ်တိုနေတာလား "

"ချစ်ဆုံးကို လွှတ်မပေးနိုင်ဘူး
လွှတ်လည်းမပေးဘူး
ချစ်ဆုံးက ကျနော်တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်စေချင်တာ
ဦးငယ်ပြောသလိုသာ ဖြစ်လာရင်
ကျနော် ရူးသွားလိမ့်မယ်
ပြီးတော့ ဥပဒေအရဆိုရင် ဦးငယ်က တစ်ပန်းသာတယ်လေ"

"အရမ်းမတွေးနဲ့ baby
ကိုယ်က babyမှမဟုတ်ရင် ဘယ်သူနဲ့မှ လက်မထပ်ဘူး
ပြီးတော့ baby စိတ်မချရင်
ကိုယ်နဲ့ babyရဲ့ မျိုးဆက်လေးကို အရင်ယူထားနှငွ့ကြမလား
ဒီလိုဆို Tonလည်း ဘာမှ တက်နိုင်မှာမဟုတ်ဘူး "

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now