Arc 7.5

2.5K 280 9
                                    

"ဒါဆို အကြောင်းရင်းကိုပြော
ဘာကိစ္စ ရှိလို့လာတာလဲ"

"နေ့လည်က ကိစ္စပေါ့
အိမ်ရှေ့စံနဲ့ ပထမဆုံးတွေ့တာ ရင်းနှီးနေလွန်းတယ် ကိုယ်မကြိုက်ဘူး "

"ရယ်ရတယ် ချန်သခင်လေး
ကျနော်က ခင်ဗျားဇနီးလောင်းမဟုတ်ဘူး
ယောက်ဖလောင်းဗျ
ဒီလိုတွေ လာပြောနေလို့ရလား"

ရှောင်းကျန့်က စိတ်ဆိုး၍ပြောလိုက်ခြင်းဖြစ်ပေမယ့်
အတည်ယူသူက ချန်မော့

"မင်းက ကိုယ့်ဇနီးလောင်းဆို ပြောလို့ရတယ်ပေါ့ "

"သေချာတာပေါ့ ဒါပေမယ့်
ခင်ဗျားရဲ့ ဇနီးလောင်းကယွဲ့အာပဲလေ
ကျနော်မှ မဟုတ်တာ
ဒီတော့ ပြောခွင့်မရှိဘူး ခင်ဗျားမှာ "

ရှောင်းကျန့်စကားများကြောင့် ချန်သခင်လေး မျက်နှာဟာ ပိုမိုတည်တင်းလာပြီး
စိတ်ဆိုးနေဟန်နဲ့ တဖြည်းဖြည်းအနားတိုးလာတာကြောင့် ရှောင်းကျန့်မှာ ယောင်ယမ်းကာ နောက်ဆုတ်နေမိသည်
ရှောင်းကျန့်ဆိုသည်မှာလည်း
ရှောင်းကျန့်ပဲလေ ကိုယ့်ချစ်သူအကြောင်းသိရက်နဲ့ စိတ်ကို တမင်ပင်သွားစနေတာ မဟုတ်လား
နောက်ဆုံးတော့ ပြေးမလွတ်တော့
ရှောင်းကျန့် ခါးသေးသေးဟာ
ချန်သခင်လေးရဲ့ လက်ထဲရောက်သွားလေတော့သည်

"စကားနားမထောင်ပဲ ပြန်စွာချင်နေတယ်ပေါ့
ရှောင်ဝေ့
ကိုယ်လုပ်ချင်ရင် မင်းခုချက်ချင်း ကိုယ့်ဇနီးဖြစ်သွားမယ်နော် "

"အဟက် ဒါဆို ခင်များကျနော့ကို
အထင်သေးတာပဲ "

ရှောင်းကျန့် သူနဲ့ နီးကပ်လွန်းနေတဲ့ ချန်သခင်လေးရဲ့ လည်ပင်းမှ သိုင်းဖက်ကာ
ပိုနီးကပ်အောင် ဆွဲယူလိုက် နှုတ်ခမ်းတို့အား ထပ်တူကျစေလိုက်တော့
ကျောက်ရုပ်လို့ တောင့်ခဲ့သွားတဲ့ ချန်သခင်လေး
ရှောင်းကျန့်  ထိုသူအား တွန်းထုတ်ကာ
တစ်ဖက်စောင်း အပြုံးကြီးနဲ့ ပြောလိုက်သည် က

"အပြောပဲ ရှိတဲ့ လူ ဟွန်းးးးးး
ကျနော်နဲ့ လာပတ်သက်ချင်ရင်
ကိုယ့်ကိစ္စကိုယ်အရင်ရှင်းခဲ့အုံး "

ဒီတစ်ခါတော့ ရှောင်းကျန့်မှာ ချန်သခင်လေးအား အဆောင်ပြင်ထိရောက်အောင်
တွန်းထုတ်လိုက်တော့သည်
ဒီနေ့အတွက်တော့ သူပင်ပန်းနေပြီမို့ အနားယူချင်နေပြီဖြစ်သည်

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now