Arc 8.1

3.1K 278 4
                                    

*နောက်ဆုံး ကမ္ဘာကူးပြောင်းခြင်း စတင်ပါပြီ
host *

1%....................25%..................75%
..............100%

ကမ္ဘာကူးပြောင်းတာ ပြီးဆုံးတာနဲ့
ရှောင်းကျန့် မျက်လွှာဖွင့်လိုက်သည်
နောက်ဆုံး ကမ္ဘာဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားမှုတို့က အပြည့်
ကမ္ဘာအသစ်ရဲ့ ပထမဆုံး မြင်ကွင်းကတော့ သိပ်ထူးခြားမှုမရှိ
အခန်းတစ်ခုအတွင်းက တစ်ယောက်အိပ်ကုတင်ပေါ်မှာသာ ဖြစ်ပြီး
အခန်းတွင်း သူနဲ့ အလားတူ နောက်ထပ် တစ်ယောက်အိပ် ကုတင်သုံးခုက အတန်းလိုက်စီတန်းကာ ရှိနေသေးတယ်
အဆောင်တစ်ခုဖြစ်ပုံရတယ်
တစ်ခန်းလေးယောက်မျှသုံးရတယ်ဆိုတော့

ခြေရင်းနံရံမှာ တိုင်ကပ်နာရီတစ်လုံး ရှိနေတယ်
နာရီအားဖြင့် 4:15
အလင်းရောင်ကောင်းကောင်းလည်း မမြင်ရသေးဘူးဆိုတော့
အိပ်ချိနပဲရှိသေးတာ
အချိန်ကောင်းမှာ ေရာက်လာတာပဲ
Xiao Paing နဲ့ အရင်ဆက်သွယ်လို့ရထားတော့
ဒီကမ္ဘာမှာ ကိုးရို့ကားယား မဖြစ်တော့ဘူးပေါ့

*Xiao Paing
ဒီကမ္ဘာရဲ့ Data တွေ ပို့ပေးတော့ *

*ဒီကမ္ဘာက သာမန်ထက်နည်းနည်း ထူးခြာပါတယ် host
ဒီကမ္ဘာက လူတွေကို Alpha
Beta Omegaရယ်လို့ ခွဲခြားကြတယ်
AOBကမ္ဘာအကြောင်းက hostနဲ့ သိပ်မစိမ်းသက်ပါဘူး
host ဖတ်ဖူးတဲ့
ficတွေထဲက အတိုင်းပဲ
Alphaတွေက အင်အားကြီးတယ် သန်မာကြမယ်
လွှမ်းမိုးနိုင်တယ်
Omegaတွေက နူးညံ့တယ် လှပတယ်
ဆွဲဆောင်နိုင်တယ်
Betaတွေကတော့ သိပ်မထူးခြားပါဘူး

hostကအခု သျှား ဆိုတဲ့ ကောင်လေးရဲ့
ခန္ဓာထဲရောက်နေတာပါ
သူက omegaတစ်ယောက်
ဒါပေမယ့် Betaဟန်ဆောင်ပြီး
မင်းမဟာစံအိမ်တော်မှာ ကိုယ်ရံတော်
ဝင်လုပ်နေတာ

မင်းမဟာ စံအိမ်က omega အဝင်မခံဘူး
စံအိမ်သခင်မကြီးရော
သခင်လေးကရော omega ဆို သိပ်မုန်းကြတာ
ဒါကြောင့် သျှားက အလုပ်ဝင်ဖို့
Betaဟန်ဆောင်ခဲ့တာ *

*ဇာတ်ဆောင်က စံအိမ်သခင်လေးလား
Xiao Paing *

*ဟုတ်ပါတယ် host
သခင်လေးနာမည်က မင်းဆက်မဟာ
Alphaတစ်ယောက်
Omegaဆို အနားကို အကပ်မခံတာ
အတင်းလာရောတဲ့ omega ဆိုရင်
နောက်နေ့မှာ အသက်ပျောက်ပြီပဲ
Omegaဆို ရွံမုန်းနေတာမျိုး
အိမ်ထောင်ဖက်ကိုတောင် အမျိုးသမီး alphaကိုပဲ လက်ဆက်မယ်လို့ ကြွေးကြော်ထားတဲ့သူတစ်ယောက်ပါ *

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now