Real life 1

2.9K 315 13
                                    

ရှောင်းကျန့်ဟာ မင်းဆက်မဟာရဲ့ သည်းသည်းလှုပ် ချစ်ပေးတာကို
20နှစ်လောက်သာ  ခံယူခဲ့ပြီး ထိုကမ္ဘာမှ ထွက်လာခဲ့သည်
missionလည်းအောင်မြင်ခဲ့ပြီဆိုတော့
percent အပြည့်အဝရရှိမှာ ဖြစ်တဲ့အတွက်
real lifeမှာစောင့်ပေးနေတဲ့ မားနဲ့
real lifeက ချစ်သူကောင်လေးနဲ့ လက်တွေ့ဘဝမှာ ဖြတ်သန်းဖို့ စိတ်ကူးထားသည်လေ

မင်းဆက်မဟာကတော့ 19နှစ်အရွယ်အမွှာပူးလေးနှစ်ယောက်အားထားခဲ့ပြီး
သူ့နောက်လိုက်လာသည်ကို တွေ့တာနဲ့
ရှောင်းကျန့်သည် Xiao Paing အား real lifeကို ပို့ပေးဖို့ ပြောခဲ့သည်

* အသက်ပြန်လည်ရှင်သန်ဖို့
100% အပြည့်အဝ အောင်မြင်ထားပါတယ်
Host
နောက်ဆံမတင်းဘဲ
စိတ်ချလက်ချ ပြန်သွားလို့ရပါပြီ *

ခပ်ဝဲအသံလေးနဲ့ Xiao Paing သူဝမ်းနည်းနေမှန်း hostကို သိစေချင်နေသည်
သို့သော် host ဆီမှ ဘယ်လို တုန့်ပြန်ချက်မျိုးမှ ရမလာခဲ့
Xiao Paing ကပိုလို့ပင် ဝမ်းနည်းလာခဲ့ပြီး
hostကို သတိရနေမယ့်အကြောင်းပင် ထုတ်မပြောဖြစ်ခဲ့ပေ

*real life မြန်မြန်ပို့တော့လေ
Xiao Paing *

*ဟုတ် ဟုတ်ကဲ့ပါ host ရယ် *

ဒီတစ်ခါ ကူးပြောင်းပုံက ခါတိုင်းနှင့်မတူ
တစ်စုံတစ်ရာက မိမိအား စုပ်ယူဆွဲခေါ်သွားသလို့ခံစားရပြီး နောက် အသိစိတ် ခနတာလောက် လွတ်သွားခဲ့လေသည်

ပြီးနောက် သတိရလာချိန်မှာတော့ မိမိဟာ
ဆေးရုံတစ်ခုရဲ့ VIPအခန်းထဲ ရောက်နေပုံရသည်
မားကိုတော့ မတွေ့သေး
ရှောင်းကျန့်သည် သူ့မျက်နှာမှာရှိနေသော အသက်ရှူစက်အား ဖယ်ရှားပြစ်လိုက်သည်
systemမှာ ရာနှုန်းပြည့် အောင်မြင်ခဲ့လို့လားမသိ သူ့ခန္ဓာက လူကောင်းပတိနယ် လွတ်လပ် ပေါ့ပါးလို့ နေသည် ချက်ချင်းပင် ဆေးရုံဆင်းပစ်လို့ ရချေလေပြီ

"မားးး "

အခန်းထဲသို့ အမှုမဲ့ အမှတ်မဲ့ ဝင်လာသော
မားက သူခေါ်သံကြားတော့ အံ့အားသင့်နေလေသည်
ခနလောက်နေမှ သားကျန့်လို့ ခေါ်ကာ
အပြေးရောက်လာလေသည်

"ဘယ်လိုသတိရလာတာလဲ "

ဒီလိုမေးရတဲ့အကြောင်းက
အစောကတင် ဆရာဝန်စစ်သွားပြီး သတိရဖို့ ကြာအုံးမှာလို့ ပြောခဲ့လို့ပင်

ဆန်းဆန်းကြီးsystem [complete]Donde viven las historias. Descúbrelo ahora