Arc 7.8

2.5K 267 6
                                    

လူရယ်လို့ မတွေ့ရသော အိမ်တော်ထဲတွင်
ရှောင်းကျန့် နဲ့ ချန်သခင်လေး နှစ်ဦးထဲသာ
ရှိနေသယောင်
တိတ်ဆိတ်လွန်းလှသော အိမ်တော်ထဲတွင်
ချန်သခင်လေးဟာ မြင်းပေါ်မှ သူ့အလှလေးအား ပွေ့ချီကာ
အခန်း တစ်ခုအတွင်း သို့ ခေါ်ဆောင်လာသည်

"ဒီအိမ်တော်မှာ လူမနေဘူးလား"

ရှောင်းကျန့်သိချင်လွန်းလို့ မေးလိုက်ပေမယ့်ချန်သခင်လေးမှာ ဘာကို သဘောပေါက်သွားမှန်းမသိ
တဟက်ဟက်နဲ့ ထရီကာ
"ဘာလဲ ကြောက်လို့လား "
ဆိုပြီး မေးလာလေရဲ့

"တစ်လောက်ကလုံးက လူတွေကို ကြောက်ရင်ကြောက်မယ်
ချန်သခင်လေးက ငါကြောက်တဲ့လူဖြစ်လာမှာမဟုတ်ဘူး "

အချစ်ဆုံးလူသားမို့လို့ ဆိုတာတော့ ထည့်မပြောတော့ပါဘူး
စောလွန်းနေသေးတယ်

"တကယ်မကြောက်ဘူး လား
ပြန်မလွှတ်ပေးတော့မှာကိုလေ "

"ဟင့်အင်း ချန်သခင်လေးကိုယုံတယ်
ငါ့ကို စိတ်ညစ်ခံမယ့် လူမျိုးမဟုတ်ဘူးဆိုတာ

ပြီးတော့ စိတ်မလောနဲ့
ကျီဝေ့ဆိုတဲ့ ငါက ချန်သခင်လေးကလွဲရင် ဘယ်သူ့အိမ်ထောင်ဘက်မှ ဖြစ်လာမှာ မဟုတ်ဘူး
ငါကလည်း ချန်သခင်လေးကို ငါ့ခင်ပွန်းနေပေးမှာ "

ရှောင်းကျန့် သူ့ချစ်သူအား အပိုင်ချုပ်နေသည်
သဝန်တိုပြီး အနားမှာခေါ်ထားလို့က ခက်ရချည်သေး
အစုတ်ပလုတ် missionကြောင့်
ချစ်သူလေးအား ချော့မော့ကာ နားဝင်အောင်ပြောရပေအုံးမည်

"ယုံလို့ရလား ရှောင်ဝေ့
ကိုယ့်စိတ်ထင် ရှောင်ဝေ့ စိတ်တွေက အိမ်ရှေ့စံဆီရောက်နေတာမလား
ကိုယ့်ဆီမှာ မနေချင်လို့
လှည့်စားနေတာတော့ မဟုတ်ဘူးမလား "

သဝန်တိုနေသည့် ချစ်သူလေးဟာ
သူပြောတာကို လက်မခံတာမို့
ရှောင်းကျန့် စိတ်လေသွားသည်
ချစ်သူလေး ယုံအောင် တစ်ခုခုတော့ကြံမှ

အခန်းတစ်ခုထဲသို့ ရောက်သည်နှင့်
ရှောင်းကျန့် သူ့အားပွေ့ထားရာမှ
ချတော့မည့်
ချန်သခင်လေးရဲ့ အကျီစတို့အား
ဆွဲထားလေသည်
သူ့အားကြည့်လာသူအား မျက်နှာလေးမဲ့ကာ
ခေါင်းအသာရမ်းပြလိုက်သည်
သူ့ကို မလွှတ်နဲ့ဆိုတဲ့သဘော

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now