Arc 6.14

9.3K 310 26
                                    

ရှောင်းကျန့်ရဲ့ချစ်သူလေးဝမ်ရိပေါ်ဟာ Peterဆိုတာသိပြီးနောက်
ရှောင်းကျန့်လေးဟာ သူ့ကလေးပေါက်အား
သိသိသာသာ အလိုလိုလိုက်တဲ့အပြင်
အချိန်တော်တော်များမှာလည်း ကလေးပေါက်နားမှာကပ်နေမိတယ်
သူ့ချစ်သူလေးက ကလေးလူကြီးလေးဆိုတော့ ရှောင်းကျန့်တို့ တစ်နေ့တခြားအချစ်ပိုလာရတယ်

ဒါကို Peterကပျော်နေသလောက်
တနေ့တခြား မျက်မှောင်ကြီးကြုတ်လာသူကတော့ Ton
သူ့တူအပေါ် Plantရဲ့ အလေးပေးမှုတွေက ဒီရက်ပိုင်းတော်တော်လေးပိုနေပြီမဟုတ်လား
ကိုယ့်ကိုကျတော့ ရှိသေးတယ်ဆိုတာ သတိရရဲ့လားတောင်မသိ
ဘယ်မှာလဲ တရားမျှတမှု
နှစ်ယောက်လုံးကိုချစ်တာမှန်ပေမယ့်
ဒီလိုတရားမျှတမှုမရှိတဲ့အခြေအနေကြီးကတော့ Tonကို တော်တော်လေးစိတ်ညစ်စေတယ်
အားလုံးထဲမှာPlantရဲ့ အလေးပေးခံရဆုံးသူဖြစ်ချင်တာက Tonရဲ့တစ်သက်တာမှာ ပထမဆုံးဖြစ်ဖူးသောလောဘသာ

စိတ်မချခြင်းများစွာအားတွေးတောနေခိုက်
အနားရောက်လာသူက ပတ်ဖိုက်

"Khun Jolly ရောက်နေပါတယ်ဗျ"

"သူက ဘာလို့လာတာလဲ
ချိန်းထားတာ မရှိဘူးမဟုတ်လား
နောက်ပြီး ခနနေရင် Plant နဲ့ Peterကို ကျောင်းကြိုပေးရမှာ "

မကြည်သာသောစိတ်အခြေအနေအရ
ထွက်လာသည့် စကားများအဆုံး
အပြုံးတစ်ခုနဲ့ ရောက်လာသည့် Jolly

"Khun Ton ဗျ ကြိုတင်မချိန်းမိတာ
တောင်းပန်ပါတယ်ခင်ဗျ
အရေးကြီးဆွေးနွေးစရာလေးရှိလို့
ရောက်လာရတာပါဗျ "

"ခွန်ဗျ အလုပ်မအားရင်
တူလေးကို ကျနော် သွားကြိုပေးပါ့မယ်ဗျ"

"အဲ့လိုပဲ လုပ်တာပေါ့
ဒါဆို အိမ်ကိုသေချာလေးပို့ခဲ့နော် "

Ton အနည်းငယ်စဥ်းစားပြီးနောက်အဆင်ပြေဆုံးဖြစ်မည့်အရာကိုရွေးချယ်ရသည် 
ယခင်က သူအလုပ်မအားတဲ့အခါမျိုးကျရင်လည်း ပတ်ဖိုက်ကပဲ peterကို ကြိုပေးလေ့ရှိတာမို့ ကိစ္စတော့မရှိပါ

Tonဟာ Jollyရဲ့ ကော့တတ်နေတဲ့နှုတ်ခမ်းမှ အပြုံးတို့ကိုမြင်သည့်တိုင်အောင်
သူ့အတွေးနဲ့သူမို့  Jollyရဲ့ အကြံများကိုရိပ်စားမိခြင်းမရှိပါ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now