Arc 8.12

2.4K 292 8
                                    

ရှောင်းကျန့်ဟာ တေဇစီစဥ်ပေးမှုအောက် သုံးရက်လောက်နေပြီးချိန်မှာ
မင်းဆက်မဟာအား စောင့်ဆိုင်းရသည်မှာ စိတ်မရှည်ဖြစ်လာသည်
ကိုယ်ရဲ့ချစ်သူကို ရွေးချယ်ဖို့ အဲ့လောက်တောင် ခက်နေသလား
ဘယ်လိုပဲ  omegaမုန်းနေပါစေ
သူ့ကိုတော့ ချွင်းချက်အနေနဲ့ ချစ်ပေးရမှာမဟုတ်ဘူးလား

နောက်ဆုံးတော့ ရှောင်းကျန့်မှာ အကြံတစ်ခုရလာသည်
ရွေးချယ်ကခက်နေတဲ့ လူကို အတင်းအကြပ်ရွေးချယ်စေလိုက်မည်
တကယ်လို့ သူ့ကိုကျော်ပြီး အမုန်းတရားကို ရွေးချယ်လိုက်ရင်တော့
သူ့အနေနဲ့ ဒီကမ္ဘာက ထွက်သွားပြီး
real lifeမှာစောင့်နေတဲ့ ချစ်သူအား
အကြီးအကျယ် စိတ်ဆိုးပစ်မယ်လို့ တေးထားလိုက်တော့သည်

ဒါကြောင့် အကြံအစည်တွေနဲ့ ရှောင်းကျန့်ဟာ ကိုတေဇ စီစဥ်ပေးထားတဲ့နေရာက
ထွက်လာခဲ့ပြီး
သခင်မကြီးရဲ့ လူတွေအနား ချဥ်းကပ်ခဲ့တော့သည်
အသာတကြည်လာအဖမ်းခံသူအား
အတင်းဆွဲရဲပြီး ကားထဲထည့်ဖမ်းခေါ်ဖို့ ကြိုးစားနေကြတာကြောင့်
ရှောင်းကျန့်ပင် သူတို့ကြားထဲ ခေါင်းမူးသွားလေသည်

မရုန်းကန်သူတစ်ယောက်အား ကားထဲထည့်ဖို့ခက်ခဲနေတဲ့ သခင်မကြီးလူရုံနှစ်ယောက်အား ဘယ်ကပေါ်လာမှန်းမသိတဲ့
လူနှစ်ယောက်က ထိုးကြိတ်မှောက်သိပ်လိုက်တော့သည်
ပြီးတော့သူ့အား ကြည့်ကာ
"ဘေးကင်းရာကို ပို့ဆောင်ပေးပါ့မယ် "လို့ဆိုလာသည်
သေချာကြည့်တော့မှ ဒီနှစ်ယောက်ဟာ
သူ့တို့အခန်းကို ဇေယျာနဲ့အတူ အရက်လာသောက်ခဲ့ဖူးတဲ့ Alphaကောင်တွေမှန်း သိလိုက်ရသည်
လက်စသတ်တော့ မင်းဆက်မဟာရဲ့လူတွေပဲ

ရှောင်းကျန့်လည်း ထိုလူတွေအား
"မလိုဘူး "လို့ရှင်းရှင်းပြောကာ
သခင်မကြီးရဲ့ လူရုံတွေကားထဲ ခပ်တည်တည်နဲ့ ဝင်ထိုင်လိုက်တော့သည်
ကားမောင်းသူနေရာမှာ အဆင်သင့် တစ်ယောက် ရှိနေသေးလို့သာတော်တော့သည်

လာကယ်တဲ့နှစ်ယောက်က ခေါင်းတကုပ်ကုပ်နဲ့ ကျန်ခဲ့မှန်းသိပေမယ့်
သိပ်မကြာခင်မှာ ဒီသတင်းက မင်းဆက်မဟာရဲ့ နားထဲရောက်သွားမှာ သိတော့
ကျေနပ်သွားရသည်

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now