Arc 7.1

3.1K 295 6
                                    

ရှောင်းကျန့်သည် ချောမောလှပသောမိန်းမငယ်လေး၏ နားရွက်ဆွဲကာ ခေါ်ဆောင်မှုနောက်
ဘုမသိဘမသိ လိုက်ပါသွားရင်း. အိမ်တော် တစ်ခုသို့ ရောက်လာသည်

ထိုအိမ်တော် တံခါးဝမှာတော့
သခင်ကြီးနှင့် သခင်မကြီးဟု ထင်ရသော
အဝတ်အစားတောက်တောက်ပြောင်ပြောင်နှင့် လူနှစ်ယောက်သည်
မိမိတို့အားပြုံးပြုံးကြီးစောင့်နေသည်

အနားရောက်သည်နှင့်

"ယွဲ့ အာ အကြီးကိုနော်"

သခင်မကြီးလို့ထင်ရတဲ့ တစ်ယောက်က ပြုံးတုံ့တုံ့နှင့်ပြောသည်

ထိုအခါမှ မိန်းမငယ်လေးက ဆွဲထားတဲ့ နားအား လွှတ်ပေးပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလာသည်

"အကြီးလည်း ဒီတစ်ခါတော့ လုပ်သင့်တယ်မား
သူ့ကြောင့် နေရင်းထိုင်ရင်း ယောက်ျား ယူရတော့မယ့် အဖြစ်
မားရဲ့သားကိုလည်း မေးကြည့်အုံး
စေ့စပ်မယ့်နေ့မှာ ဘယ်ရောက်နေလဲလို့
ဆောင်ကြာမြိုင်ရောက်နေတာ မားရေ
ကိုယ့်ကိုယ်ကိုယ် ကောတစ်ယောက်မှန်း သတိရသေးရဲ့လားပဲ "

ဘယ်လိုပဲ မိန်းမငယ်လေးက ပြောနေပါစေ
တိုင်နေပါစေ သခင်မကြီးကတော့ ပြုံးနေဆဲ

"ပြီးသွားတဲ့ ကိစ္စပဲ ယွဲ့အာရယ်
ခုလည်း ချန်သခင်လေးက သမီးရဲ့ ခင်ပွန်းလောင်း ဖြစ်သွားပြီပဲ ပြင်လို့မရတော့တဲ့ကိစ္စပဲဟာ "

"သားကြီးလည်းတူတူပဲ
ကောတစ်ယောက်က ဆောင်ကြာမြိုင်မသွားသင့်ဘူးနော် "

ရှောင်းကျန့်လည်းသူ့ဘက်လှည့်ကာ ဆုံးမလာတဲ့ သခင်မကြီးအား ပြုံးပြလိုက်ရုံပဲ တတ်နိုင်သည်
လောလောဆယ် သူဘာမှ နားလည်သေးတာ မဟုတ်ဘူးလေ

"ကဲ သားကြီး သွားနားတော့ "

ထိုစကားအား တစ်ချိန်လုံးငြိမ်သက်နေသော သခင်ကြီး ထင်ရသူမှ ပြောလာခြင်းဖြစ်၍ ရှောင်းကျန့်လည်းနာခံစွာ
ဘေးက အစေခံတစ်ယောက်ခေါ်ဆောင်ရာနောက်လိုက်သွားခဲ့တော့သည်
အခန်းထဲရောက်မှ Xiao Paing အား အေးဆေးမေးတော့မည်

.....

ရှောင်းကျန့် သူ့အိပ်ဆောင်ဆိုသောနေရာရောက်သည်နှင့်
အရက်နံ့များပျောက်ကင်းစေရန်
ရေစိမ်ရင်း Xiao Paing နှင့် ဆက်သွယ်လိုက်သည်

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now