Arc 8.4

2.3K 272 6
                                    

စံအိမ်ပြန်ရောက်ချေပြီ
ဒဏ်ရာရလာသည့်အတွက် အရင်ဆုံးအနားပေးလိမ့်မယ်လို့ တွေးထားသော်လည်း
အထင်မှားခြင်းသက်သက်သာ
ဧည့်ခန်းက setteမှာ မိန့်မိန့်ကြီးထိုင်နေတဲ့
မင်းဆက်မဟာက တခြားသူတွေကို ပြန်လွှတ်လိုက်ပေမယ့်
သူ့အားနေခဲ့ခိုင်းသည်
ဒါကြောင့် သူ့မှာ တောင့်တောင့်ကလေး ရပ်နေရသည်
လှုပ်လိုက်ရင်အပြစ်ဖြစ်မှာစိုးလို့
ဒါပေမယ့် ရပ်နေတာက အချိန်အတိုင်းအတာတစ်ခုအထိရှိနေပြီ
စကားတစ်ခွန်းဟမလာသေး
အသံတိတ်အပြစ်ပေးနေသလိုပဲ
ဒဏ်ရာမကြီးပေမယ့် နာနေတယ်လေ
သည်းမခံနိုင်တဲ့ အဆုံး သတ္တိမွေးပြီး
သခင်လေးအား မေးလိုက်သည်

"သခင်လေးး.....ဟိုလေ..
ပြောစရာမရှိရင်လေ ...သွားလို့ရမလား "

အားတင်းကာပြောလိုက်သော်လည်း
မူလခန္ဓာပိုင်ရှင် သျှားက မင်းဆက်မဟာကို
ဘယ်လောက်ကြောက်ခဲ့လဲမသိ
စကားတောင် ဖြောင့်အောင်ထွက်မလာ
ရှောင်းကျန့်လိုသာဆို ဒီသခင်လေးလောက်တော့ ကြောက်မနေဘူး
စိတ်ထဲကသာ အော်ဟစ်ကြွေးကြော်နေတာ
လူက မင်းဆက်မဟာရဲ့ အကြည့်တစ်ချက်မှာတင် ခေါင်းအလိုလိုငုံ့ထားပြီးသား

"စကားများမိပါတယ် သခင်လေး "

အဲ့မှာကြောက်နေလိုက်
ရှောင်းကျန့် သူကိုယ်သူ အားမလိုအားမရ ဖြစ်နေရသည်
ပုံမှန်ဆို ရှောင်းကျန့်တို့က ဒီလောက်ထိသွေးမနည်းပါ
omega ဖြစ်နေလို့များလား

"နောက်တစ်ခါ ကိုယ်နဲ့မဆိုင်တဲ့နေရာ
ဝင်မပါနဲ့
ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ထား"

တော်တော်ကြာကြာ တိတ်ဆိတ်နေပြီးမှ
ပြောလာခြင်းဟာ
အဆူခံရခြင်းဖြစ်နေသည်
သူ့မှာ မအံ့သြပဲ မနေနိုင်
သူ့က မင်းဆက်မဟာရဲ့ ဦးလေးအရင်းကို ကယ်ခဲ့တာလေ
ချီးကျူးမခံရရင်တောင် အဆူမခံရသင့်ဘူးလေ

"ဟုတ်ကဲ့ သခင်လေး မှတ်ထားပါ့မယ့် "

စိတ်ထဲမှာသာ ပြန်ပြောနေပေမယ့်
အပြင်မှာက ရှိန်နေတာကြောင့်
သူမှန်ကြောင်းမပြောရဲ

"ဒီတစ်ခေါက်တော့ ဒဏ်ရာရထားလို့ ထားလိုက်တော့
နောက်တစ်ခေါက်ဆို အပြစ်ပေးခံရမယ် "

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now