Arc 8.10

2.4K 290 5
                                    

ငြိမ်ငြိမ်သက်သက်လေး လိုက်ပါလာတဲ့ ကောင်လေးအား အရိပ်တကြည့်ကြည့် ကြည့်ရင်း မင်းဆက်မဟာဆီမှာ ​ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတယ်
ခန္ဓာကိုယ်က တစ်ခုခုကို လိုချင်လာတယ်
အသွေးအသားတွေရဲ့ ပြောင်းလဲ ချက်အရ
ဘာဆိုတာ ချက်ချင်းရိပ်မိလိုက်တယ်
အရင်ထိန်းချုပ်ဆေးတွေ သောက်ထားတဲ့အကျိုးဆက်ကြောင့်
Rutကာလလည်း သိပ်မမှန်ချင်တော့ဘူး
အခုပဲကြည့် တစ်ပတ်နီးပါးလိုနေသေးတာတောင် ​ဖြစ်လာသေးတယ်
ဒါမှမဟုတ် ကောင်လေးကြည့်ရင်း ဆန္ဒတွေဖြစ်လာလို့လား ရုတ်တရက်ကြီး Rutဝင်တာ

မင်းဆက်မဟာလည်း သူ့ရဲ့ ပြောင်းလဲနေတဲ့ ခန္ဓာအား ထိန်းချုပ်ရင်း တေဇကို အိမ်တော်ကို အမြန်မောင်းဖို့ပြောလိုက်တယ် သူဘယ်လောက်ပဲ ထိန်းချုပ်နေပါစေ pheromonesတွေကတော့ အပြင်သို့လျှံကျနေတုန်းပဲ
တော်သေးတာပေါ့ ကားထဲမှာရှိနေကြသူတွေက Alpha နဲ့ Betaနဲ့ပဲ ဖြစ်နေလို့
သူ့pheromonesတွေက ဘယ်သူ့အပေါ်မှ သက်ရောက်မှာ မဟုတ်ဘူး
omegaတစ်ယောက်လောက်များရှိခဲ့ရင်
သူရော အဲ့ omegaရော ထိန်းချုပ်နိုင်မှာမဟုတ်
တွေးနေတုန်းမှာပဲ သူ့နှာခေါင်းထဲ ကြာပန်းရနံ့တို့ တိုးဝင်လာတယ်
ထိန်းချုပ်ထားလို့ အနည်းငယ်တည်ငြိမ်သွားတဲ့ ရာဂစိတ်ဟာ ထိုရနံ့ကြောင့် ချက်ချင်းပဲ
ယိုယွင်းလာပြီး အသိစိတ်ပါ ပျောက်ချင်ချင်ဖြစ်လာတယ်

မင်းဆက်မဟာ လက်ကျန်အသိစိတ်လေးနဲ့ ကောင်လေးအား မယုံနိုင်စွာ ကြည့်လိုက်တော့ ကောင်လေးလည်း အတော်လေးမျက်နှာပျက်နေပြီး
တစ်ခုခုကို အတင်းထိန်းချုပ်နေပုံရတယ်
ကောင်လေးက Betaအစစ်အမှန်မဟုတ်ဘူးဆိုတဲ့အသိက မင်းဆက်မဟာရဲ့ နောက်ဆုံး အသိစိတ်ဖြစ်ခဲ့တယ်
မွှေးပျံ့လွန်းတဲ့ ထိုရနံ့မှာ သူဘယ်လောက်ကြာကြာထိန်းချုပ်နိုင်မှာ
omegaဆို ဘယ်လောက်ဘဲ မုန်းခဲ့မုန်းခဲ့
Alphaတစ်ယောက်အနေနဲ့ Rutဝင်နေချိန်
အသင့်ရှိနေတဲ့ omegaလေးကို မငြင်းဆန်နိုင်ဘူး

မင်းဆက်မဟာ ကောင်လေးအား အုပ်မိုးကာ ပွေ့ဖက်နမ်းရှုံ့နေရင်း
ကားထဲမှာ ထပ်ရှိနေတဲ့Alphaအား
ထွက်သွားဆိုပြီး အသံကျယ်ကြီးနဲ့ အော်ထုတ်ခဲ့တယ် သူ့omegaရဲ့ ရနံ့ကို နည်းနည်းလေးတောင် ပေးမရှူနိုင်ဘူး

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now