Arc 6.16

2K 217 3
                                    

"ချစ်ဆုံး ရေ "

အိမ်ထဲကို မဝင်ရသေးဘူး
တကြော်ကြော် ခေါ်သံကြောင့်
ရှောင်းကျန့် သူ့baby Uni ကျောင်းသားကြီး  ပြန်ရောက်ပြီမှန်း သိလိုက်သည်
သို့သော် ပြန်ထူးမနေ
ခနနေရင် ကိုယ့်အခန်းထဲ စိုက်စိုက်မြိုက်မြိုက် ရောက်လာတော့မှာမှန်း အတပ်သိနေတာကြောင့်လည်းပါသည်

"ချစ်ဆုံးဗျာ
လွမ်းနေပါပီဆို အသံလေးတောင် ပြန်မပေးဘူး
လွမ်းပြီးသေအောင်လုပ်နေတာမလား "

နှုတ်ခမ်း​ကြီး ဆူပုတ်ကာ အခန်းထဲဝင်လာသည့် ကလေးပေါက်စက စင်စစ် အထက် ပုဂ္ဂိုလ်
ဒီကမ္ဘာမှာ သူလေးက အငယ်မို့လို့ သူလေးကို ကြံမယ်ရှိသေး
အသက်ပြည့်တာနဲ့ မိမိအားတန်းစားသွားတဲ့ 
babyက တကယ့်ကို မလွယ်ကြောလေး

"babyရောက်လာမယ်ဆိုတာ သိလို့လေ
ပြီးတော့ ကိုယ်အလုပ်များနေတာသိရက်နဲ့ "

"ဟာဗျာ ဟိုလူ့ အကြောင်းပဲမလား
ကြာတော့ သဝန်တောင်တိုချင်လာပြီနော်
ချစ်ဆုံး "

"Jolly အကြောင်းလဲ သိသားနဲ့ baby
ခုလိုတွေ စောင့်ကြည်စုံစမ်းတာမျိုးတွေမလုပ်ရင် သူက တစ်နိုင်လုံးကို ဒုက္ခပေးတော့မှာ "

"ဒီသေသင့် တဲ့လူကြီးကတော့
အရှောင်ကောင်းနေလို့သာ
မဟုတ်ရင် ကျနော့ချစ်ဆုံး ကြိုးစားပုံနဲ့ ဆို သူ ထောင်ထဲရောက်လောက်ပြီ "

"မကြာတော့ဘူး baby
သူ့စမ်းသပ်ခန်းကို ခြေရာခံမိထားတယ်
ဒီတစ်ခါ သူ မရိပ်မိခင် အမိဖမ်းနိုင်ရင်
ရှောင်ပြေးလို့မရတော့ဘူး "

"လိုတာပြောနော်ချစ်ဆုံး "

"အင်း "

ပါးလေးမို့တက်ပြီး ပြုံးကာ ေဖြသော ချစ်ဆုံးအား
Peter မနေနိုင်စွာ ထိုပါးမို့လေးထဲ နှာခေါင်းနှစ်ထားမိသည်
ဒီအပင်လူသားလေးရဲ့ သက်ဆိုင်သူ ဖြစ်ရတာ
ဘယ်လိုတောင် ကံကောင်းလိုက်သလဲ

"ချစ်ဆုံး လက်ထပ်ချင်ပြီဗျာ "

အပင်လူသားလေးအား အနောက်မှ သိုင်းဖက်ကာ ပုခုံးပေါ်မေးတင်ရင်းပြောလိုက်သည်

"baby ဦးငယ်တောင် ခုထိအိမ်ထောင်မပြုရသေးဘူးနော်
baby မင်းတော်တော်ဖြစ်"

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now