Arc 8.6

2.2K 284 7
                                    

ရှောင်းကျန့် အလန့်တကြားဖြစ်ကာ
ရုန်းကနလိုက်သည်
သူ့ဘဝအား တခြားသူအပေါ်တော့ မပေးအပ်လိုက်နိုင်
ဘယ်လိုပဲမတတ်သာတဲ့အခြေအနေမျိုးဖြစ်ပါစေ ဒီကမ္ဘာထဲကသာ ထွက်ခွာလိုက်မည်

သူရှိသမျှ အင်အားအကုန်သုံးကာ ရုန်းကန်နေတော့ သူ့အား ဆွဲခေါ်လာသူက စိတ်မရှည်သလို ကျစ်ခနဲ စုတ်သပ်လိုက်ပြီး
အခန်းတစ်ခုထဲသို့ တွန်းထည့်လိုက်သည်
သူ ဘယ်လိုမှ မတည်ငြိမ်နိုင်တော့ပါ
ဒီလူက Alphaများလား
ဒါပေမယ့် Alphaသာဆို heat ဝင်နေတဲ့သူ့ကို အုပ်မိုးပြီးနေလောက်ပြီမလား

"heat ဝင်နေတာမလား"

ရုတ်တရက်မေးလိုက်သည့် မေးခွန်းးအာ ရှောင်းကျန့် မဖြေနိုင် တိတ်ဆိတ်ကာ နေသည်

ထိုလူက အဖြေမရပေမယ့် ဆက်မမေး
အခန်းထဲရှိအစီအရီထပ်ထားသော ဖာပုံးများကို ဖယ်နေသည်
အောက်ဆုံးစက္ကူပုံးလေးအားဖွင့်ကာ
အထဲမှ ဝက်ဝံရုပ်လေးကို ယူလိုက်သည်

ထိုအရုပ်လေးအား သူ့အနားယူလာပြီး
အရုပ်ရဲ့ကျောဘက်ကို ဖွင့်ကာ
တစ်ခုခုကို နှုိက်ယူလိုက်သည်

"ရော့... "

ကမ်းပေးလာသည့်အရာအားကြည့်လိုက်တော့ တခြားမဟုတ်
omegaတွေအတွက် ထိန်းချုပ်ဆေးဖြစ်နေခဲ့သည်
ရှောင်းကျန့်အမြန်ပင် ယူကာ ပါးစပ်ထဲထည့်လိုက်သည်

"ဆေးကြောင့် နုံးနေမှာ ထနိုင်မှာမဟုတ်ဘူး
ဒီအခန်းထဲမှာပဲ နေအုံး"

ထွက်သွားသည့်လူအား မေးရန်မေးခွန်းများစွာရှိနေပေမယ့်
ဆွဲထားဖို့မပြောနဲ့ လှုပ်ပင် မလှုပ်နိုင်
ခွေခွေလေးသာ ရှိနေခဲ့သည်
ထိန်းချုပ်ဆေးများဟာ ဘေးထွက်ဆိုးကျိုးများသည်ပဲ

........

ရှောင်းကျန့်ထနိုင်တဲ့အချိန်ရောက်တော့
ထိုအခန်းထဲမှထွက်လာခဲ့သည်
အခန်းပြင်ရောက်လို့ ကြည့်လိုက်တော့
စတိုခန်းဟု ကပ်ထားတာကို တွေ့လိုက်ရသည်

အလင်းရောင်လည်း တော်တော်ကျနေပြီမို့
ညတည်းက မပြန်ရသေးတဲ့
အခန်းကို အမြန်ပြန်ရသည်
လင်းသုတက သူ့ကို ရှာနေလောက်ပြီ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now