Arc 8.7

2.3K 289 11
                                    

ဒီရက်ပိုင်းထဲ သျှားရဲ့တာဝန်က မင်းဆက်မဟာနောက် ပတ်လိုက်ဖို့ပဲ ဖြစ်လိမ့်မည်
မင်းဆက်မဟာ ရုံးသွားမယ်ဆိုလည်း သျှား
meetingသွားလည်း သျှား
ထမင်းစားချိန်တောင်မလွတ် သူ့အားအဖော်ပြုခိုင်းဖို့ခေါ်ထားတတ်သေးသည်
ဘယ်အလုပ်မဆို တသျှားသျှားနဲ့
မို့ တေဇမှာ ရင်တမမနဲ့ စိတ်အလိုမကျရခြင်း
ဒါတောင် သင်းက အာရုံစိုက်မိရုံလောက်ပဲဆိုပြီး အပြောကြီးသေး
ရှိသေးတယ် မင်းဆက်မဟာက ခုနောက်ပိုင်းအဲ့ကောင်လေးကို အန္တရာယ်များတဲ့ အလုပ်တွေဆို မခေါ်ဖို့မှာထားသေးတယ်
အဲ့မှာ အကဲပိုနေတာ မဟုတ်ဘူးလား

သျှားသာ Betaတစ်ယောက်ဆို
မင်းဆက်မဟာရဲ့ စိတ်ဝင်စားခံရမှုအပေါ် ဂုဏ်ပြုပေးသင့်ပေမယ့်
မထင်မှတ်ထားစွာ သျှားက omegaတစ်ယောက်ဖြစ်နေခဲ့တယ်
မင်းဆက်မဟာက ခုချိန်မှာ ဘယ်လောက်စိတ်ဝင်စားစား အဖြစ်မှန်သိတဲ့အချိန်ကျရင် မလွယ်ဘူး
မင်းဆက်မဟာကြောင်း တေဇ လောက် သိနိုင်တဲ့သူမရှိဘူးမလား

.......

"ကောင်လေး ...."

အိမ်တော်ဆီသွားရန် ပြင်ဆင်နေတဲ့
သူ့ကို အခန်းဖော် အကိုသော်ဇင်က ခေါ်နေတာမို့ လှည့်ကြည့်လိုက်တော့
အကိုသော်ဇင်
ဝေခွဲရခက်နေဟန်ကြည့်နေတာမလို့
စကားကို အေးအေးသက်သာ ပြောနိုင်ရန်
လမ်းကြောင်းပေးလိုက်သည်

"ပြောစရာရှိရင် ပြောလေ ကိုသော်ဇင် "

"သတိပေးချင်တာပါ
သခင်လေးအနားမှာဆို သတိထားဖို့
မင်းရဲ့လျှို့ဝှက်ချက်က သခင်လေးနဲ့အနီးကပ်မနေသင့်ဘူး
အန္တရာယ်များတယ် "

"ဟုတ်ကဲ့ပါ အကို ကျွန်တော် သတိထားပါ့မယ် "

ကိုယ့်အားကောင်းစေချင်၍ သတိပေးမှန်း သိနေသည့်အလျှောက်
သူကောင်းမွန်စွာပဲ ပြန်ဖြေပေးခဲ့သည်
သတိထားရမှာ သိပေမယ့်
အနီးကပ်မနေလို့တော့မရပေ
မင်းဆက်မဟာရဲ့ စိတ်ကိုရဖို့ဆို အခုအခြေက မဆိုးဘူးမလား
နောက်ပြီး အဲ့ဒီမျက်နှာလေးနဲ့ စိမ်းကားနေရင် တကယ်မခံစားနိုင်တာမို့လို့
အခုအခြေအနေလေးကို ရှောင်းကျန့်က
တကယ်ပဲ သဘောကျနေမိတာ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now