Arc 7.3

2.6K 283 9
                                    

"ကျီသခင်လေး ဒီမှာ ကျန့်ခဲ့တဲ့ ယပ်တောင် "

ရှောင်းကျန့် သူ့အကွက်ထဲ ဝင်လာတဲ့ ချန်သခင်လေးကို တမင်ပင်အနေခက်အောင် လုပ်ဦးမည်

"ယူလာပေးတာလား ချန်သခင်လေး
ယွဲ့အာနောက်မှ ယူလာပေးလဲ ဖြစ်တဲ့ဟာကို
ခုတော့ ကျနော့ကြောင့် နှစ်ယောက်သား
အချိန်ကောင်းတွေ ပျက်စီးရပီ"

မျက်နှာငယ်လေးက တစ်ကယ်ပင် စိတ်မကောင်းဟန်ရှိကာ သရုပ်ဆောင်စွမ်းရည်
တိုးတက်လာသော သူ့hostလေးအား
Xiao Paing ပင် ချီးကျူးရသည်
သူ့hostလေးက ရုပ်ချောသလောက် ဉာဏ်များလိုက်တာ
ခုတော့ဝင်မရှုပ်သေးဘူး ပြဇာတ်အရင်ကြည့်အုံးမယ်
ပြီးမှ hostလေးကို စရမယ်

"မဟုတ်တာ မိန်းမပျိုနဲ့ ယောက်ျားပျို နှစ်ယောက်တည်းနေတာ ဘယ်သင့်တော်ပါ့မလဲ
ကျနော်တောင် ယပ်တောင်ကို တမင်ချန်သွားပေးတဲ့ ကျီသခင်လေးကို ကျေးဇူးတင်နေတာ
မဟုတ်ရင် ဘယ်လိုအကြောင်းပြပြီး ထွက်လာရမယ်မှန်း သိမှာ မဟုတ်ဘူး "

ရှောင်းကျန့် မျက်လုံးလေးတောင်ပြူးသွားရသည် ဘာလဲ သိသွားတာလား သူက
တမင်ထားခဲ့တယ်ဆိုတာ

Xiao Paing တို့ကတော့ အော်ရယ်နေပြီ
သူ့ hostချောချောလေးအား
စရန်တစ်ကွက်တွေ့လေပြီ
ဘယ်နဲ့ အကွက်ရွှေ့ပါတယ်ဆို လူမိသွားရတယ်လို့

"တမင်ထားခဲ့တာမဟုတ်ပါဘူး
ဘယ်သူပြောတာလဲ တမင်ထားခဲ့လို့"

ရှောင်းကျန့် ပြောင်ငြင်းလိုက်သည်
မျက်နှာမှာတော့ မဟုတ်ဘူးဆိုတဲ့ အမူအရာအပြည့်

"ကိုယ်မြင်သားပဲ ဒီကသခင်လေး ယပ်တောင်ကို ကောက်ကိုင်ပြီးမှ ပြန်ချလိုက်တာ "

တိကျလှချည်လား ငါ့များ မျက်စိဒေါက်ထောက်ကြည့်ထားသလား

"တမင်လုပ်တော့ ဘာဖြစ်လဲ "

လူမိသွားတာတောင် စွာနေတဲ့ ကျီသခင်လေးအား ချန်မော့ အသည်းယားလို့ မဆုံး
ဒီကလေးအား စတွေ့ထဲက စနောက်ရတာ ပျော်ရွှင်လှသည်
ဒါကြောင့်ရုပ်တည်ကြီးနဲ့ ဆက်ပြီး စဖို့သာ ရွေးချယ်ထားသည်

"ပြော ရည်ရွယ်ချက်ကို"

"မရှိဘူး ဘာမှ
မလိုချင်လို့ထားခဲ့တာ"

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now