Arc 7.4

2.5K 288 20
                                    

"ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ ကျီသခင်လေး "

ချန်သခင်လေးက မေးလာတာမို့ ရှောင်းကျန့် ကြိုရေးထားတဲ့ ဇာတ်လမ်းအတိုင်း သွားဖို့ ဆုံးဖြတ်ထားသည်
ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ကုန်ခံပြီး ရောက်လာခဲ့ပြီးမှတော့ ဒီတိုင်းလှည့်မပြန်နိုင်

" ပါးပါးနဲ့လိုက်လာတာ
လမ်းမှားလာတာ ဖြစ်မယ် ပါးပါးက ညီလာခံတက်နေတော့လေ"

ရှောင်းကျန့် လမ်းပျောက်ကာ စိတ်ညစ်နေတဲ့ ကလေးငယ်လေးသဖွယ်
နှာခေါင်းလေးရှုံ့ကာ ချစ်စရာကောင်းအောင် ပြောလိုက်သည်
အကြံအောင်တယ်လို့ ပြောရမလား
အိမ်ရှေ့စံရဲ့မျက်လုံးအကြည့်တွေက မိမိအား အသည်းယားနေဟန်

"ကောတစ်ယောက်နဲ့တူတယ်
ဒီကသခင်လေးက
ဒီလိုဆို တစ်ယောက်တည်း ပတ်သွားနေတာ မသင့်တော်ဘူးနော် "

အိမ်ရှေ့စံရဲ့ အပြောကြောင့် ရှောင်းကျန့်ကျေနပ်သွားသည်
စိတ်ပူပေးတယ်ဆိုတော့ အခြေအနေမဆိုးဘူး မလား
သို့ပေမယ့် ရှောင်းကျန့်ကသာ ကျေနပ်နေတာ
တစ်စုံတစ်ယောက်ကတော့ စိတ်ပျော်ပုံ မရဘဲ အသံတောင်နည်းနည်းမာလာချင်သည်

"ကျီသခင်လေးက ကောဆိုပေမယ့် သန်မာတဲ့သူပါ
အိမ်ရှေ့စံ စိတ်ပူပေးလောက်တဲ့အထိမဟုတ်ပါဘူး
နောက်ပြီး ကျနော့ရဲ့ ယောက်ဖတော် ဖြစ်လာမယ့်သူမို့ ကျနော်က ဂရုစိုက်လိုက်ပါ့မယ်"

ပတ်ဝန်းကျင်ကပိုပြီး အေးစက်လာသည်
လေထုအခြေအနေမကောင်းတော့
ရှောင်းကျန့် စိတ်ကလေး ညှိုးငယ်သွားသည်
အကြောင်းရင်းကတော့
မိမိအား ယောက်ဖတော်ဟု ပြောလာတဲ့ ချန်သခင်လေးကြောင့်
ယွဲ့အာကို တအားယူချင်နေတယ်ပေါ့
လှတာလေးတွေ့တော့ ရှောင်းကျန့်ဆိုတဲ့တစ်ယောက်ကို မေ့သွားလေပြီပေါ့
ရှောင်းကျန့်မှာ တွေးလေ ကြေကွဲလေမို့ မျက်ရည်လေးတောင် ဝေ့ချင်လာသည်

"ဒါဆိုလည်း ချန်သခင်လေးကပဲ
ဒီကသခင်လေးကို သွားချင်တဲ့ နေရာ လမ်းပြပေးလိုက်ပါအုံး
နန်းတော်က ကျယ်တော့ လမ်းထပ်ပျောက်မှာ စိတ်ပူရပါတယ် "

အိမ်ရှေ့စံက ကြားထဲက ဝင်ပြောတော့
ချန်သခင်လေး ကျေနပ်မလို့ရှိသေး

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now