Arc 8.2

2.3K 274 11
                                    

Xiao Paingဆီက Data အားလုံးလက်ခံပြီးတဲ့ အချိန်မှာ
အခန်းထဲကို အလင်းရောင်တော်တော်လေး ရောက်နေခဲ့ပြီ
အခြားသူတွေ မနိုးသေးတာမို့
ရှောင်းကျန့်က ရေချိုးခန်းအရင်ဝင်လိုက်ပြီးနောက်
အခင်ဆုံး သူငယ်ချင်းဆိုသူအား
နိုးဖို့လုပ်ရသည်
သျှားရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီနေ့
သူတို့ သခင်လေး မင်းဆက်မဟာရဲ့ ကိုယ်ရံတော် အဖြစ် ပွဲတစ်ခုသို့ လိုက်ပေးရန်ရှိသည်
နောက်ကျ၍မဖြစ် သခင်လေးမင်းဆက်မဟာက စိတ်ကြီးသည့် လူစားမျိုး
အပြစ်ပေးရန် လက်မတွန့်သူ ဖြစ်သည်
ဒါကြောင့် သူငယ်ချင်းဖြစ်သူအား အလျင်အမြန်ပဲ နှိုးရတော့သည်

"သုတ... ဟေ့သုတ.....
ထ.. ထ အလုပ်ရှိတယ်လေ "

လက်မောင်းကကိုင်ကာ ခန္ဓာကိုယ်အား လှုပ်ခါနေတာတောင်
သင်းက အင်း..အဲ ပဲ ရှိသေးတာ
ဆောင့်ကန်ထည့်လိုက်ရ
ငါမှမကန်ရင် မင်းအဖေက လာကန်လိမ့်မယ်
ရှောင်းကျန့်လည်း စိတ်မရှည်တဲ့အဆုံး
လင်းသုတဆိုသူအား တစ်ယောက်အိပ်ကုတင်ပေါ်မှ ကန်ချလိုက်တော့သည်
ဘယ့်နှယ့် လုပ်တဲ့ အလုပ်က ကိုယ်ရံတော်
အိပ်နေတာက ကုလားသေကုလားမော

"မင်းကလဲ ဖြည်းဖြည်းနှိုးပါဟ "

ခုတင်ပေါ်က ကန်ချလိုက်တာတောင်
ကောင်းကောင်းနိုးပုံမပေါ်
မျက်လုံးတို့အား ပွတ်သပ်နေတုန်း
ဒါတောင် ဖြည်းဖြည်းနှိုးပါလုပ်သေး

"နောက်မှ ဖြေးဖြေးနေ မင်းအဘက ​ပြင်ဆင်လို့ပြီးတော့မယ်
နောက်ကျနေရင် သပ်သပ်အပြစ်ပေးနေအုံးမယ် "

ထိုအခါမှ အတင်းထကာ ပျာပျာယာယာပြင်ဆင်နေသည်
ပါးစပ်ကလဲ "ကျေးဇူး ငါ့ကောင်ရေ"ဆိုတဲ့အသံကို လျစ်ခနဲ ကြားလိုက်ရသေး
သူ့အဘတော့ တော်တော်ကြောက်

ရှောင်းကျန့်လည်း သျှားရဲ့တာဝန်တွေအရ
ကြည့်ကောင်းမယ့် ဝတ်စုံကို ရွေးနေရသည်
ယခုသွားမယ့်ပွဲက သိထားရသလောက်ဆို
သခင်လေးရဲ့ အဒေါ်အငယ်ဆုံး လက်ထပ်ပွဲဆိုပဲ

.........

သုတပြင်ဆင်လို့ပြီးတဲ့အချိန်က
သခင်လေးပြောထားတဲ့ အချိန်ကိုက်လေးဆိုတော့
သူတို့ နေတဲ့အလုပ်သမားတန်းကနေ
စံအိမ်တော်ကြီးအထိ
၅မိနစ်လောက်လျှောက်ရတော့
သူတို့နှစ်ယောက်လုံး အနည်းငယ်လောက်နောက်ကျသွားသည်ဆိုရမလား
စံအိမ်ရှေ့တည့်တည့်တွင် အခြားသော ကိုယ်ရံတော်လေးယောက်နဲ့အတူ
မျက်နှာထားတည်တည်နဲ့ ရှေ့မှ ရပ်စောင့်နေသောသခင်လေးမင်းဆက်မဟာ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now