Arc 7.9

2.4K 262 10
                                    

ရှောင်းကျန့် ကျီအိမ်တော်ပြန်ရောက်တော့
နေတော်တော်မြင့်နေပြီ
ညက သောက်တာ နည်းနည်းများသွားတာကြောင့် မထနိုင်ဖြစ်နေတဲ့ သူ့ကို
ချန်သခင်လေးဟာလည်း အလိုလိုက်စွာ
မနှိုးဘဲ ထိုင်ကြည့်နေခဲ့သည်တဲ့
ခုတော့ မလိုလားအပ်တဲ့ ပြသနာတွေက
ဖြစ်လာပြန်ပြီ

အိမ်ပြန်မအိပ်တဲ့သူ့ကို ကျီသခင်ကြီးက
မဆူငေါက်ပေမယ့်
သူ့အစား ကျီယွဲ့ကို နန်းတွင်းလွှတ်လိုက်သည်တဲ့
အိမ်ရှေ့စံကို သူနေမကောင်းကြောင်း
လျှောက်ဖို့တဲ့လေ
အစေခံလွှတ်ရင် ရတာကို တရေးတယူ
ကျီယွဲ့ဟာ သူ့အတွက်တော့ ပြသနာမို့ ရှောင်းကျန့်မှာ စိတ်မအေးနိုင်
နန်းတော်သို့ ပြေးရသည်
အိမ်ရှေ့စံနဲ့ ကျီယွဲ့က နီးစပ်လို့ မဖြစ်သေး

......

ရှောင်းကျန့် နန်းတော်ထဲရောက်တော့
နန်းတွင်းသူလေးတွေဟာ
အိမ်ရှေ့စံရှိရာကိုပြောပြပေးသည်

ရေကန်နားက နားနေဆာင်မှာ
ကြာကန်ကြည့်ရင်း စကားတွေပြောနေပုံပေါ်တဲ့ ထိုနှစ်ယောက်ဟာ လိုက်ဖက်တဲ့အတွဲလေးနှင့်ပင်တူနေသေးသည်
ခုတော့ဖြစ်လို့ မရသေး
ကျီဝေ့အတွက်ရော သူ့missionအတွက်ပါ
ဒီအိမ်ရှေ့ကို ကျီဝေ့နဲ့ ပေးရင်းနှီးလို့ မရသေးပါ
ဒါကြောင့် ရှောင်းကျန့် လိုက်လာတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပုံရသည်

"အိမ်ရှေ့စံ "

ရှောင်းကျန့် သူတို့ရှေ့ကို သွားလိုက်ပြီး အိမ်ရှေ့စံအား ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်

"နေမကောင်းဘူးဆို ကျီသခင်လေး
ဒီတစ်ပတ် မလာနိုင်သေးဘူးဆို "

ထင်တဲ့အတိုင်း ကျီယွဲ့က အခွင့်အရေးကို အရယူထားပုံပေါ်သည်
သူ့ကို အိမ်ရှေ့စံနားက ခွာထုတ်ဖို့ ကြံနေတာ ဖြစ်မည်

"အိမ်ရှေ့စံရဲ့ မေတ္တာကြောင့်ပါ
အရမ်းနေမကောင်းတာမျိုး မဟုတ်ပါဘူး
ပြီးတော့ ....."

ရှောင်းကျန့် ဆက်ပြောမယ့် စကားကို စိတ်ဝင်စားပုံရတဲ့ အိမ်ရှေ့စံကြောင့် တမင်ပင် စကားဖြတ်လိုက်တော့သည်

"ပြီးတော့ ဘာဖြစ်လဲ "

"ဟို..... "

ရှောင်းကျန့်က ကျီယွဲ့ကိုကြည့်ကာ ပြောမထွက်သလို တမင်ပင်ဟန်လုပ်လိုက်တော့
ကျီယွဲ့က မဲ့ရွဲ့ပြသည်
ပြီးမှ မကောင်းတတ်လို့ ထပြန်ဖို့ပြင်သည်

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now