Arc 6.15

2.3K 237 2
                                    

"အခုခေါ်လာတဲ့ တစ်ယောက်ရဲ့ သွေးနဲ့
ဒီညစမ်းသပ်မယ်
အောင်မြင်ရင် ပိုးစဖြန့်မယ်လို့
Khun ကစီစဥ်ထားတယ်
ငါတို့ အစီအစဥ် အောင်မြင်ခါနီးနေပြီ
မင်းတို့ ပေါ့လျော့နေလို့ မဖြစ်ဘူး
အားလုံးချမ်းသာမယ့်ကိစ္စပဲ
မလွဲချော်စေနဲ့ "

"စိတ်ချပါ အပင်လူသားတွေအားလုံးကို သေချာထိမ်းသိမ်းထားပါတယ် ဘယ်သူမှ မထွက်ပြေးနိုင်ပါဘူး "

"ကောင်းပြီ အပြင်ကိုပေါက်ကြားလို့ မဖြစ်တဲ့ ကိစ္စပဲ
သေချာဂရုစိုက်ကြ"

ရှောင်းကျန့်တစ်ယောက်
အားလုံးကယ်နိုင်ဖို့ အကြံထုတ်နေပေမယ့် ခေါင်းထဲ ဘယ်လို အကြံမျိုးမှ ပေါ်မလာဘဲ ဗလာဖြစ်နေသည်

များပြားလှသည့် အပင်လူသားများကို ကယ်ထုတ်ထွက်ပြေးဖို့က ဘယ်လိုမှ လွယ်မည်မဟုတ် ဒီကြားထဲ သွေးထုတ်ခံထားရတဲ့ အပင်လူသားတစ်ချို့ကလည်း ရှိနေပြီး အားနည်းကာ ဖြူဖျော့နေကြသည်
ပြေးလည်းလွတ်မှာမဟုတ်

အရေးကြီးဆုံးက သူ့သွေးနဲ့စမ်းသပ်ပြီးတာနဲ့ ပိုးက စဖြန့်မှာ
တစ်နိုင်ငံလုံး ဒုက္ခရောက်တော့မှာမို့လို့
ရှောင်းကျန့် ဒီတိုင်း ထိုင်မကြည့်နေနိုင်ပေ

Xiao Paing ဆီက အကူအညီနဲ့ဖြစ်ဖြစ် ဒီအစီအစဥ်ကို တားမှ ဖြစ်မည်

လူဆိုးကြီး Jollyရေ ဒီနေရာမှာတော့ ကျနော်က တစ်ကွက်သာသွားပြီဗျို့
ခင်များ သူတစ်ပါး အသက်တွေကို ချနင်းပြီး အောင်မြင်နေမှာ ထိုင်မကြည့်နေနိုင်ဘူး

*Xiao Paing လေးရေ *

*လိုရာပြောကြည့်ပါ host * ခေါင်းကြိမ်းကြိမ်းနဲ့မေးရခြင်း
hostအား အလို လိုက်သမျှ အထက်မှ အထောင်းခံရသူမှာမိမိ

*တို့တွေအားလုံး  တစ်ခါတည်းလွတ်နိုင်မယ့် နည်းလေး *

*host ကိုယ်တိုင်စဥ်းစားကြည့်လေ *

*နည်းလမ်းတော့ ရှိတယ်
Xiao Paing လေးရဲ့
Xiao Paing အကူအညီလေးနည်းနည်း လိုနေတာ ဟီး ဟီး *

ဒီ hostကတော့ ချစ်စရာကောင်းတဲ့ ရယ်သံလေးနဲ့ ခြွေနေပြန်ပြီ
ဒီအမကြီး ဘယ်လိုငြင်းနိုင်မတုန်း

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now