Arc 8.8

2.2K 281 2
                                    

မင်းဆက်မဟာက သူ့ဦးလေးနဲ့အလုပ်ကိစ္စ
ရှိသေးတာမို့ ကိုတေဇနဲ့ထွက်သွားခဲ့တယ်
သူ့ကိုတော့ မင်းဆက်မဟာက
အိပ်ပြီးအနားယူနေဖို့ မှာထားခဲ့တယ်
သူ့ရဲ့အဆောင်ကိုပြန်ပြီး နားပါ့မယ်လို့ ပြောခဲ့ပေမယ့်လည်း
မင်းဆက်မဟာက လက်မခံခဲ့
သခင်လေးရဲ့ မျက်နှာတည်တည်ကြောင့် ရှောင်းကျန့်မှာ နှစ်ခါပင် မပြောရဲ
ထားခဲ့တဲ့ နေရာမှာပဲ ငြိမ်သက်လို့
သိပ်မကြာခင်မှာပဲ ရှောင်းကျန့်မှာ ပျင်းရိမှုကြောင့် အိပ်ပျော်သွားတော့သည်

....

မင်းဆက်မဟာက အိမ်တော်သို့ပြန်ရောက်ရောက်ချင်း သူ့အခန်းသူသွားဖို့လုပ်ခဲ့ပေမယ့်
အိမ်စေတစ်ယောက်ရဲ့ သခင်မကြီးက ခေါ်ထားကြောင်းအသိပေးလာတဲ့အတွက်
မာမီ့အခန်းဘက် အရင်သွားရတော့တယ်
မာမီက အကြောင်းကိစ္စမရှိဘဲ ခေါ်မယ့်သူမျိုးမဟုတ်

မာမီအခန်းရှေ့ရောက်တာနဲ့ အခန်းတံခါးအား နှစ်ချက်ဆင့်ခေါက်လိုက်တယ်
ပြီးနောက်

"မာမီ ကျွန်တော်ပါ မင်းဆက်မဟာ "

သူဖြစ်ကြောင်း အသိပေးလိုက်တော့

"ဝင်ခဲ့ "ဆိုတဲ့အတက်အကျမရှိတဲ့ အသံတစ်ခုက ထွက်ပေါ်လာတယ်

သူဝင်သွားလိုက်တော့ကုတင်ပေါ်မှာ လဲလျောင်းရင်းစာအုပ်တစ်အုပ်ကိုင်ထားတဲ့ မာမီ့ကို အိမ်စေမိန်းကလေးတစ်ယောက်က နှိပ်နယ်ပေးနေတယ်

သူလည်း မာမီ့ကုတင်ဘေးမှာရှိတဲ့ ခုံပုလေးကိုဆွဲယူထိုင်လိုက်တာနဲ့ မာမီက အိမ်စေမိန်းကလေးကို အပြင်ထွက်ဖို့ အမိန့်ပေးလိုက်တယ်

"မင်းအခန်းထဲကကောင်လေးအကြောင်း
ပြောရအောင် "

မင်းဆက်မဟာရဲ့ မျက်နှာက အနည်းငယ် တုန်လှုပ်သွားတယ်
ကောင်လေးကို မာမီထိခိုက်အောင် လုပ်မှာမျိုးကိုတော့ သူမလိုလားဘူး
မာမီစိတ်ကခန့်မှန်းရခက်တယ်
ကောင်ကိုသဘောကျပါ့မလား မသေချာဘူး
သဘောကျခဲ့ရင်လည်း သူ့ဘက်က ကောင်လေးအပေါ်ခံစားချက်တွေက မရေရာသေးဘူး
ဒါကြောင့် ဒီအခြေအနေမှာ ကောင်လေးအကြောင်းဆွေးနွေးဖို့က အချိန်မတန်သေးသလိုဘဲ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now