Arc 8.13

2.4K 303 5
                                    

ပင်စည်ကြီးကြီးနှစ်ရှည်ပင်များနှင့် ဝန်းရံထားသောနေရာတစ်ခုတွင်
လူတစ်ယောက်အား ထိုအပင်များထဲမှာ တစ်ပင်တွင် နောက်ပြန်ချည်နှောင်ထားခဲ့သည်
ချုပ်နှောင်ထားခံရသူမှာ သတိပင်ရှိမနေ
ထိုလူသားရဲ့ အရှေ့မှာတော့ အမျိုးသမီးကြီး တစ်ယောက်နဲ့ အမျိုးသားတစ်ယောက်
ရှိနေခဲ့သည်

အမျိုးသမီးကြီးက ခေါင်းဆတ်ပြလိုက်တော့ ဘေးကအမျိုးသားမှာ
လက်ထဲတွင်ရှိနေသော ရေပုံးဖြင့် သစ်ပင်တွင်ချည်နှောင်ထားခံရသူအား လောင်းချလိုက်သည်

ရှောင်းကျန့်သည် မျက်နှာပေါ်ကျရောက်လာသော ရေများကြောင့် သတိဝင်လာခဲ့သည်
မျက်စိရှေ့က မနှစ်မြို့စွာ ကြည့်နေတဲ့ သခင်မကြီးအား မြင်တော့မှ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က အချိန်တွေကို ပြန်တွေးမိသည်
သူ့အား အပြစ်ပေးဆောင်ဆီမှာ ထားခဲ့တဲ့သူက သိပ်မကြာခင်မှာဘဲ
သခင်မကြီးနဲ့ အတူရောက်လာပြီး
သူ့ကို မေ့ဆေးထိုးပေးခဲ့သည်
ယခုပြန်သတိရလာတော့ အခြားသောနေရာ တစ်ခုရောက်နေခဲ့သည်
သခင်မကြီးက ဉာဏ်ကောင်းလွန်းတော့
မင်းဆက်မဟာကို စမ်းသပ်ချင်တဲ့ သူ့အကြံတွေ ပျက်စီးသွားရပြီ

ရှောင်းကျန့် တွေးရင်း စိတ်ညစ်ညူးသွားရသည် အခုက အကျိုးမရှိဘဲ အနှိပ်စက်ခံရတော့မှာ မလား

"အရင်ဆုံး အသားနာစေချင်တယ်
ပြီးမှ အရှက်တရားကို ခံစားစေမယ် "

သခင်မကြီးရဲ့ နှုတ်ထွက်စကားတွေကြောင့် မင်းထိုက်မှာ အလိုက်သိစွာ
ယူဆောင်လာတဲ့ ပစ္စည်းပုံးထဲက
ဆူးချွန်တွေ ပါတဲ့ကြာပွတ်အား နှုတ်ယူကာ
အားပြင်းပြင်းနဲ့ ရိုက်နှက်တော့သည်

ကြာပွတ်ဒဏ်ကြောင့် လက်မောင်းတို့ ရင်ဘတ်တို့မှာ ပြတ်ရှရာတွေပင်ထင်လာခဲ့သည်
အသားနာတာ ကြောက်သူအဖို့တော့
လက််ရှိအခြေအနေက အတော်လေးဆိုးရွားသည်
ရှောင်းကျန့်က တဖြည်းဖြည်းနဲ့ ဒီကမ္ဘာကို စိတ်ကုန်လာခဲ့သည်
သူမျှော်နေတဲ့ မင်းဆက်မဟာက အရိပ်အယောင်ပင်မတွေ့ရ
ဒါပေမယ့်လည်း ချစ်ရသူအပေါ်ယုံကြည်စိတ်ကလေးကရှိနေသေးသည်
ကမ္ဘာတိုင်းမှာ သူဒုက္ခရောက်တိုင်း ချစ်ရသူက ရောက်လာခဲ့ပေးတယ်မလား
ဒီကမ္ဘာမှာ ချစ်ရသူအား ပေတေပြီး စောင့်ချင်သေးသည်

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now