Arc 7.7

2.4K 278 4
                                    

ရှောင်းကျန့်တို့ လေ့ကျင့်ကွင်းနား
မလိမ့်တပတ်နဲ့ရောက်လာတဲ့ ကျီယွဲ့ကြောင့် ရှောင်းကျန့်မှာ
ထိတ်ခနဲ ရင်ထဲ စိုးရိမ်မှုလှိိုင်းလေးပြေးသွားတယ်
သူ့အပေါ် အမြင်စောင်းနေတဲ့ ကျီယွဲ့ဟာ
နန်းတော်ထဲ ရောက်လာတာ မရိုးရှင်းလောက်ဘူး
ကျီသခင်မကြီးရဲ့ အချိုမုန့်ပွဲ လက်ဆောင်လာပို့ပေးတာ ဆိုတာလဲ အကြောင်းပြချက်သက်သက်သက် ဖြစ်ကြောင်း ​ကျီယွဲ့ရဲ့ အပြုံးတွေမှာ ထင်ဟပ်နေတယ်
ရှောင်းကျန့် စိုးရိမ်တာလည်း အဲ့တာပဲ
ခုချိန်မှာ အိမ်ရှေ့စံရဲ့ စိတ်ကို အနည်းအကျင်းသာရထားသေးတာမို့
ကျီယွဲ့ဆီ မပါသွားဘူးလို့ မပြောနိုင်ဘူး
mission မအောင်မြင်ရင်လည်း
ရှောင်းကျန့်မှာ ကမ္ဘာပြောင်းဖို့ ခက်ခဲ သွားမယ်
ရှောင်းကျန့်ရဲ့ ပူပန်မှုတွေက မျက်နှာမှာ
ပေါ်နေတယ် စိုးရိမ်နေတာကို မထိန်းချုပ်နိုင်ဘူး

ဒါကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ချန် သခင်လေးက ရိပ်စားမိနေတယ်
ခုက ကျီသခင်မလေး ယူလာပေးတဲ့ မုန့်ကို
အိမ်ရှေ့စံက နားနေဆောင်မှာ သုံးဆောင်ပေးနေတာ ဖြစ်ပြီး ကျီသခင်မလေးနဲ့ ကျီယွဲဟာ တစ်ဖက်တည်းမှာ ထိုင်နေပြီ
ကျီသခင်လေးဟာ ချန်မော့နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်တယ်
တစ်လျှောက်လုံး
မျက်နှာမကောင်းတဲ့ ကျီသခင်လေးကို ကြည့်ရင်း ချန်မော့ စိတ်တွေလေးလံလာတယ်
သူတွေးနေတာက ကျီသခင်လေးက
အိမ်ရှေ့စံနဲ့ ကျီသခင်မလေးတွေ့တာ သဘောမကျဘူးလားလို့

"အိမ်ရှေ့စံကို ယွဲ့အာ လက်ဖက်ရည်လေး
ထည့်ပေးပါရစေ"

ကျီသခင်မလေးရဲ့ အပြုအမူကြောင့်
သူ့ရဲ့ကျီဝေ့ဟာ မျက်နှာပိုပြီးပျက်ကျလာတာမို့ သူ့ရဲ့ ထင်မြင်ချက်က မှန်နေတယ်ဆိုတာ ချန်မော့ သိလိုက်ရတယ်
တကယ်တော့ ကျီဝေ့က အိမ်ရှေ့စံကို သဝန်တိုနေတာပဲ

"အိမ်ရှေ့စံ ယွဲ့အာ ကိုယ်တိုင်လုပ်လာတဲ့ မုန့်ချိုလေးပါ
သုံးဆောင်ပေးပါအုံး "

ကျီယွဲ့ဟာ အိမ်ရှေ့စံအား
အပြုံးလှလှလေးနဲ့ ချဥ်းကပ်နေရုံမက
သူ့အာလည်း နားနားကပ်ကာ ခနဲ့လာသေးတယ်

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now