Arc 8.5

2.3K 266 14
                                    

ရှောင်းကျန့်အိမ်တော်ရှေ့မှာ ဝဲလည်လည်လုပ်နေသည်
အိမ်တော်ထဲသို့တော့မဝင်ရဲ
တာဝန်ချိန်ကလွဲပြီး ကျန်တဲ့အချိန် အိမ်တော်ထဲဝင်ရင် အကြောင်းရင်းခိုင်ခိုင်လုံလုံရှိဖို့လိုသည်
အခုနေသူဝင်သွားရင် သခင်လေးမင်းဆက်မဟာကို စိတ်ပူလို့ လာကြည့်တာလို့
ပြောရမှာလား မဖြစ်နိုင်
သူ့အနေနဲ့  မင်းဆက်မဟာနဲ့က အဲ့လောက်မရင်းနှီးပါ

အကြံထုတ်နေတဲ့ ရှောင်းကျန့်ဟာ အိမ်တော်အဝင်ဝအား
လှမ်းလှမ်းကြည့်နေမိသည်

ကံကောင်းသည်လားမသိ
မင်းဆက်မဟာရဲ့ လူယုံ တေဇဆိုသူက
အိမ်တော်ထဲကထွက်လာလေသည်
သဘောကောင်းလွန်းသူဖြစ်၍
သျှားနဲ့ အနည်းငယ်သိသောဆက်ဆံရေးဖြစ်သည်
ဒါကို အသုံးချရမည်

"အကိုတေဇ"

မကျယ်လွန်းသောအသံနေအသံထားနဲ့ လက်ပြကာနှုတ်ဆက်လိုက်တော့ သူ့အားသတိထားမိသွားတဲ့အကိုတေဇက သူ့ဘက်ကို တည့်တည့်လျှောက်လာလေသည်

"ဘာကိစ္စလဲ အသစ်လေး "

သူဟာ မဟာစံအိမ်ရဲ့ ကိုယ်ရံတော်တွေထဲမှာ
လောလောဆယ် နောက်ဆုံးအလုပ်ဝင်ထားသူမို့ အများစုက သူ့ကို အသစ်လေးလို့ ခေါ်ကြသည်
ရှောင်းကျန့်လည်းမထူးဆန်းသလို
သွားလေးစိကာ ရယ်ပြလိုက်သည်

"လာစပ်စုတာ အကိုတေဇရ
သခင်လေး ဒဏ်ရာရလာတယ်ဆို"

သူ့အပြောကို တေဇဆိုသူက
ရယ်နေသည်

"ဝါသနာက မသေးဘူးဘဲ
ညဘက်ကြီးတောင် လာစပ်စုတာ
သခင်လေးသိရင် အပြစ်ပေးခံနေရမယ်နော် "

"သူ့ဘာသာတောင် ဒဏ်ရာရနေလို့ဆို "

"သိတဲ့အတိုင်း သခင်လေးက စာဖွဲ့နေမှာ
မဟုတ်ဘူးလေ
ခုလည်း အလုပ်မှာဝင်နှောက်ယှက်ခဲ့တဲ့
omegaကို မြေအောက်ခန်းမှာ ဆုံးမနေတယ်လေ "

omegaဆို တကယ်မုန်းနေတာပဲ
ဘာပဲဖြစ်ဖြစ်သူများကိုတောင် နှိပ်စက်နေနိုင်မှတော့ စိတ်မပူရလောက်ပါဘူး
ပူချင်းပူ ကိုယ့်အတွက်ကိုယ်ပဲပူပန်ရမှာ
omegaဆိုတာပေါ်တဲ့နေ့သူလည်း အများနည်းတူဘဲနေမှာ

"သခင်လေးက ရိုးရိုးomegaတောင် မုန်းတာ အလုပ်မှာဝင်နှောက်တဲ့ omegaကတော့
အသက်ရှူစရာလိုတော့မှာတောင်မဟုတ်လောက်ဘူး "

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now