အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်

Comenzar desde el principio
                                    

သူတို့ကောင်းကင်အဆင့် လက်နက်များ ထိပ်တိုက်တွေ့သွားလေရာ နှစ်ယောက်လုံး နောက်ဆုတ်လိုက်ရသည်။ သူတို့က တိုက်ခိုက်မှုကို ရပ်လိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ၏။

လေထဲတွင် စွမ်းအားများ ပျောက်လွှင့်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်လာလေသည်။

စီးဝူယာ့က မင်ရှစ်ရင်၏ ခွဲခွာချိတ်ကောက်ကို ကြည့်ရင်း အံ့အားသင့်သည့် မျက်နှာထားဖြစ်နေသည်။ သူက ချီးကျူးလိုက်၏  “စစ်ရှစ်ရှိုးက နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ထဲ ရောက်သွားရုံတင် မကဘဲ ကောင်းကင်အဆင့် လက်နက်ကိုတောင် ပိုင်ထားပြီကိုး ”

“ဒါပေမဲ့ ရှစ်တိရဲ့ ဒေါင်းမြီးကိုတော့ မမီသေးပါဘူး ” မင်ရှစ်ရင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဝါစဉ်ကြီးသူက ငယ်သူကို ဆုံးမတာ ဖြစ်သင့်ပါတယ်။ ကျွန်တော် ရိုင်းပျမိသွားပါတယ်။ စစ်ရှစ်ရှိုးကို လာတောင်းပန်တာပါ ”စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“မင်း ‌တောင်းပန်တာ မလိုဘူး။ ဒီသေတ္တာက ရှစ်စွင်းအပိုင်ပဲ။ မင်းရဲ့ လက်နက်ရယ်၊ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ရဲ့ လက်နက်တွေနဲ့ ဖွင့်ဖို့ လိုတယ်။ ဒါပေမဲ့ မင်း ကူညီချင်တာ မကူညီချင်တာ မင်းသဘာပဲ”

မင်ရှစ်ရင်က ပြောလိုက်သည်။

“ သတျတောထဲက ဘာလဲ”

“ငါလည်း မသိဘူး။ ဒါပေမဲ့ ရှစ်စွင်းက တန်ဖိုးထားတယ်ဆိုတော့ ထူးခြားတာပဲ ဖြစ်ရမယ် ” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။

“ ငါတို့တွေ ဒါဖွင့်ပြီးတာနဲ့ အထဲက ရတနာကို ယူမှာ မစိုးဘူးလား” စီးဝူယာ့က အပြုံးလေးဖြင့် မေးလိုက်သည်။

“ရှစ်စွင်းလည်း အဲအကြောင်းကို ထည့်တွက်ထားလောက်ပြီးပြီ။ နောက်ဆုံးသော့က မာယာကျော့ကွင်းပဲ။ ရှစ်မေး ထျန်းရှင်းက ရှစ်စွင်းဆီမှာ အဖမ်းခံထားရတယ်။ သူမရဲ့ လက်နက် မာယာကျော့ကွင်းကလည်း ရှစ်စွင်းလက်ထဲမှာပဲ ” မင်ရှစ်ရင်က ပြောလိုက်သည်။

စီးဝူယာ့က သက်ပြင်းချကာ  “ အာ့ရှစ်ရှိုးပြောတော့ ရှစ်စွင်းက တော်တော်ပြောင်းလဲသွားပြီဆို … သူ့လုပ်ပုံကိုင်ပုံရော၊ ဒေါသရော ပြောင်းလဲသွားပြီတဲ့။ ကြည့်ရတာ အမှန်ဖြစ်နေပုံပဲ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲDonde viven las historias. Descúbrelo ahora