"မားကလည်း ပျော်ရမှာမဟုတ်ဘူးလား "

"ပျော်တာပေါ့ သားကျန့်ရယ်
ခနလေး မား ဆရာဝန်ကြီးကို ပြန်ခေါ်အုံးမယ် "

အပျော်လွန်နေတဲ့ မားကိုကြည့်ပြီး ရှောင်းကျန့်လည်း ကျေနပ်ပီတိဖြစ်မိသည်

ဆရာဝန်ရောက်လာတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ပြောလာသည်
သို့သောက် လမ်းကောင်းကောင်းလျှောက်ရုံမက အားလုံး ပုံမှန်အတိုင်းဖြစ်နေတာမို့ ဆရာဝန်ကြီးတို့ကတောင် မျက်လုံးပြူးရသည့်အဖြစ် တစ်လလောက် ကိုမာဝင်နေသူက
သာမန်လူလို အကောင်းတိုင်း ရုတ်တရက့ကြီး ထလာခဲ့လို့ပင်

မားကတော့ သူအကောင်းပကတိအတိုင်းပင် ရှိနေတာကို သဘောတွေကျနေပြီး
ဆေးရုံဆင်းခဲ့လေသည်

အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ရက်လောက်အေးအေးလူလူနားလိုက်ကာ
နောက်ရက်မှာပဲ မားကို သူနဲ့ သဘောတူထားတဲ့ လူအကြောင်း မေးမြန်းခဲ့သည် အဲ့လူက သူမတွေ့ရခဲ့တဲ့ သူ့ရဲ့အဖိုးတန် ချစ်သူလေးမလား ဒါပေမယ့် မားရဲ့ တုန့်ပြန်လာတဲ့အဖြေကိုတော့ သဘောမကျပေ

"မားက အဲ့ကလေးကို သဘောမကျတော့ဘူး
သားကျန့်ရယ် "

"ဘာလို့လဲ မားကလဲ"
ရှောင်းကျန့်က အလိုမကျစွာပြန်မေးမိသည်

"အဲ့ကလေးကို သား accident ဖြစ်သွားကြောင်း အကြောင်းကြားခဲ့လေ
ဒါပေမဲ့တစ်ခေါက်လောက်တောင် ရောက်မလာဘူးလေ
ဘယ်လိုပဲ မားတို့မိဘအချင်းချင်း စကားတွေကျွံထားကျွံထား
သားကျန့်ကို ဂရုမစိုက်နိုင်တဲ့ လူလက်ထဲတော့ ထည့်မပေးနိုင်ပါဘူး "

မားပြောသလိုဆို ဘာလဲ ဒီချစ်သူက
systemမှာတုန်းကျ အများကြီးချစ်ပေးခဲ့ပြီး
လက်တွေ့ဘဝမှာကျတော့ မတူဘူးလား
အဲ့လိုမရဘူးနော် ရှောင်းကျန့်ကို ချစ်တတ်အောင် သင်ပေးပြီးမှ

"မား သားသေချာ တွေ့ကြည့်ပြီးမှ
ဆုံးဖြတ်မယ်လေ
သားကို ဂရုမစိုက်တာ မဟုတ်ဘဲ တခြားအကြောင်းအရင်း တစ်ခုခုရှိရင်ရှိမှာပေါ့"

"အရင်က သားကျန့် ဒီလို မဟုတ်ပါဘူး
အမြဲ ငြင်းဆန်နေခဲ့တာလားလို့ "

ဆန်းဆန်းကြီးsystem [complete]Wo Geschichten leben. Entdecke jetzt