အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်

Start from the beginning
                                    

မိုးကြိုးသွားက ချီစွမ်းအားများ စုစည်းထားရာမှ ထွက်ပေါ်လာသော တိုက်ကွက် ဖြစ်သောကြောင့် စွမ်းအားများ သိပ်သည်းနေလေရာ လျှပ်စီးမိုးကြိုးချက်လောက် အားပြင်းလေသည်။ ထို့အပြင် အင်မတန် ရှားပါးကာ ကြောက်စရာကောင်းသော သိုင်းကွက်လည်း ဖြစ်၏။ မိုးကြိုးသွားက အချိန်အတော်ကြာ ပျောက်ဆုံးနေသည့် ပညာရပ်တစ်ခုဟု ယူဆနိုင်ပြီး သမိုင်းစာအုပ်များ၌သာ မှတ်သားထားလေသည်။ ကျွမ်းကျင်တတ်မြောက်ဖို့ရာ မဆိုထားနှင့် မည်သူကမှ မမြင်ဖူးကြပေ။

“ မိုး … မိုးကြိုးသွား ” ဟွားဝူတောက်က ဆက်လက် တောင့်မခံနိုင်တော့ပေ။ သူက ဒူးတစ်ဖက်ထောက်လျက်သားဖြင့် သူ့ခန္ဓာကိုယ်ကို လက်ဖြင့် ပြန်ထိန်းထားလိုက်ရသည်။ သူက ချိတုံချတုံဖြင့် အရှုံးကို ဝန်ခံဖို့ ဝန်လေးနေသည်။ သူ့ကို မိုးကြိုးသွားဖြင့် အနိုင်ယူသွားမည်ကို မည်သူမှ သိမည်နည်း။ အကယ်၍ ကျိထျန်းတောက်သာ ဒီလိုပညာရပ်မျိုး ကျွမ်းကျင်တတ်မြောက်ထားကြောင်း သိထားခဲ့လျှင် သူ့ကိုယ်သူ အရှက်ခွဲဖို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်လာမည် မဟုတ်ပေ။

“ ရှစ်စွင်း ” ဟွားဝူတောက်၏ တပည့်က အပြေးအလွှား ရောက်လာကာ ကူပေးဖို့ ပြင်လိုက်သည်။ သို့သော်လည်း ဟွားဝူတောက်က လက်ဟန်ပြကာ မလာဖို့ တားဆီးလိုက်သည်။ သူ့လိုမျိုးလူက ရှုံးနိမ့်မည်ကို မကြောက်ဘဲ ဂုဏ်သိက္ခာမရှိ ရှုံးနိမ့်မည်ကိုသာ စိုးမိသည်။

ဤသည်က အလောင်းအစား တစ်ခု မဟုတ်ပါလော။

လုကျိုးက ခေါင်းခါလိုက်ကာ  ‘ အဲဒါကို မိုးကြိုးသွားလို့ ခေါ်ချင်ရင်လည်း ထားလိုက်ပါတော့’

မိုးကြိုးသွားအကြောင်း များများစားစား မသိသလို တစ်ယောက်မှလည်း မမြင်ဖူးသောကြောင့် အားလုံးက လုကျိုးသည် မိုးကြိုးသွား ထုတ်လွှင့်လိုက်သည်ဟုသာ ယုံသွားကြသည်။

ဟွားဝူတောက်က ခက်ခက်ခဲခဲ အားယူထရပ်လိုက်ရင်း ချောင်းဟန့်လိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ခေါင်းခါလိုက်ရင်း   “ နှစ် ၂၀ ကြာကျင့်ကြံပြီးတော့ ခင်ဗျားရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ပြီလို့ ထင်ခဲ့တာ။ အခုတော့ ကျုပ် မှားသွားတာပဲ။ ကျုပ် အကြီးကြီး မှားသွားတယ် ” သူက ရယ်မောလိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now