အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်

Start from the beginning
                                    

“အကြီးအကဲရဲ့မုဒြာတွေက အံ့ဩဖို့ကောင်းလိုက်တာ။ အဲဒီလူဆိုးက မကြာခင်မှာ ရှုံးတော့မယ်ဆိုတာသေချာတယ်”

“ရိုးရိုးသားသားပြောရရင် ငါအတော် ဇဝေဇဝါဖြစ်မိတယ်။ ကျိထျန်းတောက်က သူ့ရဲ့ကျန်ရှိတဲ့တပည့်တွေကို တမင်တကာ ဖိနှိပ်ထားတာလို့ပြောတယ်။ ဒါတောင် သူတို့တွေက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်မှာရှိတဲ့ အကြီးအကဲကျန့်နဲ့ယှဉ်နိုင်တာပဲ"

“ဘာမှ မထူးဆန်းပါဘူး။ အကြီးအကဲကျန့်က သူ့ရဲ့ခွန်အားအပြည့်ကို မသုံးသေးဘူးလေ။ နည်းနည်းကြာကြာ ထပ်ကြည့်ကြတာပေါ့”

”အကြီးအကဲကျန်းမရှိရင်တောင် ငါတို့မှာ ဝါရင့်ကိုယ်တော်ကြီးရှိနေသေးတယ်။ စိုးရိမ်နေစရာ မလိုဘူး”

လူအုပ်ကြီးက စိတ်ကျေနပ်စွာ ဆွေးနွေးနေကြသည်။ သူတို့က စိတ်တည်ငြိမ်ပြီး တိုက်ပွဲကို ဆက်ကြည့်နေကြ၏။

တောက်မုဒြာများက ဇင်မုဒြာများနှင့်ဆင်တူသည်။ မင်ရှစ်ရင်က ထိုမုဒြာများကို ဖြေရှင်းရမည့်ပုံစံကို သိ၏။ သူသည် ဝင်လာသည့် မုဒြာများကို တန်ပြန်တိုက်ခိုက်ရန် သူ၏စွမ်းအင်များကို ဆက်တိုက်  အသုံးပြုနေ၏။ ထိုနည်းဖြင့် ကျန့်ချိုးချီက တိုက်ခိုက်သူဖြစ်နေစဉ် မင်ရှင်ရင်က အလိုလို ခုခံသူ ဖြစ်သွားတော့၏။

“သက်ကြားအိုကြီး ငါ့ကို သိုင်းကွက်ထုတ်ရအောင် ဖိအားမပေးနဲ့” မင်ရှစ်ရင်က လက်ကို ဝှေ့ယမ်းလိုက်၏။ တိုက်ကွက်ကို ပိတ်ဆို့ရန်အတွက် စွမ်းအင်လှိုင်းများကို ဆက်တိုက်ထုတ်ဖော်နေသည်။

ဘန်း ဘန်း ဘန်း

မင်ရှစ်ရင်က နောက်သို့ဆက်ဆုတ်နေပြီး သူ့ကိုယ်သူ ခုခံလိုက်သည်။

ကျန့်ချိုးချီက အော်ပြောလိုက်သည်။ “အားနည်းလိုက်တာ” သူသည် မင်ရှစ်ရင်ကို မြင့်မြင့်မားမား မတွေးထားချေ။ သူ့နားတဝိုက်ရှိ စွမ်းအင်တို့က ထပ်မံပေါ်ထွက်လာပြန်၏။

မင်ရှစ်ရင်က တစ်စုံတစ်ခုလွဲချော်နေပြီမှန်း ခံစားမိသည်။ သူ့မျက်ဝန်းထဲရှိ အကြည့်တို့က ပြောင်းလဲသွားတော့သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now