အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ

Start from the beginning
                                    

“ကြည့်ရတာ ရှစ်စွင်းက ငါ့ကို တမင် လွှတ်ပေးလိုက်တာနေမယ်”

‘ မြန်မြန် ပြေးရမယ်’

ကျူးဟုန်ကုန်းက တောအုပ်အတွင်း လျှပ်စီးအလား ဝင်ရောက်သွားတော့သည်။ သူ့အမြန်နှုန်းက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်လေသည်။

လုကျိုးတွင် ဒဏ္ဍာရီလာ စီးတော်သားရဲ ပိအန်း ရှိသည်။ အကယ်၍ သူသာ လိုက်ဖမ်းပါက ကျူးဟုန်ကုန်းအား အသာလေး ဖမ်းနိုင်သည်။ ပြဿနာမှာ သူက လောင်ပါ့ကို ဖမ်းဆီးလိုလျှင် အသုံးပစ္စည်းကတ် ထုတ်သုံးဖို့ လိုအပ်နေခြင်း ဖြစ်၏။ ရှောင်ယွမ်အာက အားကောင်းသော်လည်း လောင်ပါ့နှင့် ရင်ဆိုင်ဖို့အထိ မသန်စွမ်းသေးပေ။ ထို့အပြင် သူက လက်ရှိ အခြေအနေကို ကောင်းကောင်းဖမ်းဆုပ်မိသည်။ သူက ကာကွယ်မှုအတွက် ရှောင်ယွမ်အာအား ဘေးနားခေါ်ထားဖို့ လိုအပ်နေသည်။ ကံစမ်းမဲက ပေးသည့် စိတ်ဒဏ်ရာမှ ဆိုးဆိုးရွားရွား ခံစားချက်မျိုး ရနေမိသည်။

‘ ထားလိုက်တော့ … နောင်တစ်ခါမှ ဖမ်းတာပေါ့။ ဒီကောင်စုတ် ကံကောင်းသွားတယ်။ နောင်ကျ ငါ့ကံကို မစမ်းခင် သူ့ကို အရင်ဖမ်းရမယ် ’

အကယ်၍ လုကျိုးသာ ကျူးဟုန်ကုန်းကို ဖမ်းလိုလျှင် မခက်ခဲပေ။ သူက လောကတွင် အချိန်နှင့် အခွင့်အရေးများ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သူ့တွင် အရေးကြီးကိစ္စ ရှိနေသောကြောင့် ကျူးဟုန်ကုန်းအား ခဏတာ လွှတ်ပေးထားလိုက်မည်။

“ ရှစ်စွင်း ရှစ်စွင်း .. မြန်မြန် သစ္စာဖောက် ထွက်ပြေးသွားပြီ” ရှောင်ယွမ်အာက စအော်တော့သည်။

“ ကိစ္စမရှိဘူး” လုကျိုးက လက်အသာဝှေ့ကာ  “ ငါလည်း တခြားလုပ်စရာ ရှိသေးတယ် ”

“အိုး” ရှောင်ယွမ်အာက ကျူးဟုန်ကုန်း ထွက်ပြေးသွားရာ တောအုပ်သို့ နှမြောတသဖြင့် ကြည့်လိုက်သည်။

လုကျိုးက အစိမ်းရောင်ကျောက်စိမ်းယဇ်ပလ္လင်ဆီ သွားတော့မည့်အချိန် ကျူးဟုန်ကုန်းနောက် လိုက်ဖမ်းသော ကျင့်ကြံသူက  လှမ်းခေါ်လိုက်သည်။

“ ဆရာကြီး ”

လုကျိုးက လှည့်ကြည့်လိုက်သည် “ မင်းလား ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now