အခန်း (၁၀၅) လာကူကြသော တပည့်များ

Start from the beginning
                                    

ပြီးဆုံးခါနီးပြီဖြစ်တာကို လုကျိုးမြင်သည့်အချိန်တွင် သူက လက်ကိုဝှေ့ယမ်းလျက် ပိအန်းကို ပြန်လာရန် အမိန့်ပေးလိုက်သည်။ သူသည် ထိုအရာမှ ကုသိုလ်မှတ်ရှစ်ရာရလိုက်သည်။ အမှတ်မများပေ။ ဆိုရလျှင် အားနည်းသည့်ကျင့်ကြံသူများသာ ရှိ၏။ ပိအန်းက လုကျိုး၏အမိန့်ကို နာခံသည်။ ဆိပ်ခံတံတားနားသို့ ဖြတ်သွားသည့်အချိန်တွင် သူက ဆင်ဘုရင်ကို မျက်လုံးထောင့် ကနေ အထင်တသေးကြည့်သွားသေးသည်။ ဆင်ဘုရင်က ကြောက်လန့်မှုကြောင့် အနောက်သို့ ဆုတ်သွားပြီး သူ၏ခန္ဓာကိုယ်က တုန်ယင်နေပေ၏။ ပိအန်း၏ရှေ့တွင် ၎င်းက လက်အောက်ငယ်သားမျှသာ ဖြစ်သည်။ ဒဏ္ဍာရီလာစီးတော်ယာဉ်နှင့် အံ့ဖွယ်စီးတော်ယာဉ်ကြား ယင်းက ကွာဟချက်ဖြစ်ပေ၏။ သူတို့ကို မနှိုင်းယှဉ်လျှင်ဆိုးရွားမှာမဟုတ်ပေ။ သို့သော် နှိုင်းယှဉ်မိသည့်နှင့် ကွာဟချက်က မိုးနှင့်မြေပမာ ကြီးမားကြောင်း ရှင်းရှင်းလင်းလင်း မြင်ရမှာပဲဖြစ်သည်။

ပိအန်းက လုကျိုးနှင့်ရှောင်ယွမ်အာတို့ဘေး၌ ခမ်းနားစွာ ထိုင်နေလေ၏။ ၎င်း၏အစွယ်များကို ထုတ်ပြလျက် ကျင့်ကြံသူများအနားကပ်မလာအောင် ဟန့်တားထားသည်။

တစ်ချိန်တည်းတွင် မဟာစုန်းအတတ်အစီအရင်မှ အာနိသင်များက စတင်မှိန်ဖျော့လာခဲ့ပြီဖြစ်သည်။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့သွား၏။ ရဲမက်များနှင့်ကျင့်ကြံသူများအနားတွင် အဘယ်ကြောင့်ဝဲနေရမည်မှန်း သူနားမလည်ခဲ့ပေ။ သူတို့သေမှာမကြောက်ဘူးလား။

သူက တင်းဖန်ချိုးကို ဆက်လက်စစ်မေးတော့မည့်အချိန်တွင် လူနှစ်ယောက်က သူ့နောက်သို့ ပျံဝဲလာသည်။ ထိုလူနှစ်ယောက်ထုတ်ဖော်သည့်အရှိန်အဝါက လူတိုင်းကို အာရုံစိုက်မှုကို ရသွားစေ၏။

“နန်းတော်က ဒီလောက်များတဲ့ လက်ရွေးစင်တွေ ပို့လိုက်တာလား”

လုကျိုးက ရုတ်တရက်ပေါ်ပေါက်လာသည့် အခြေအနေကြောင့် ဝေခွဲမရဖြစ်သွားသည်။

ထိုပုံရိပ်နှစ်ခုသည် မြန်ဆန်သည့် အရှိန်ဖြင့်ဆက်လက်ရွေ့လျားနေပြီး သူတို့ဆီသို့ ရောက်မလာခင်၌ မဟာစုန်းအတတ်အစီအရင်အထက်တွင် ပျံဝဲနေသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now