Part 128 (zawgyi)

Start from the beginning
                                    

သူ ဘယ်တော့မှ သိပ်မစဉ်းစားမိအောင် ကြိုး
စားခဲ့သောအကြောင်းအရာတွေချည်းဖြစ်၏။

ရွှီရှင်းကျီသည်အရမ်းအစွမ်းထက်သောလူလို့ သူ
ပြောရလိမ့်မည်။အထိမခံနိုင်သောအချက်များကို တိုက်ရိုက်မေးထားသောမေးခွန်းတိုင်းသည် သူ့ကိုစကားပြောလာအောင်လုပ်နိုင်သည်။

ကုမြောင်နှင့်ဆက်စပ်နေတာကြောင့်သူစကား
ပြောဖို့လိုသည်။

ကုဖေးမှာဘယ်သူ့ကိုမှမပြောဖူးသည့်ကိစ္စတွေ
နှင့် ခံယူချက်​အများကြီးရှိသည်။ ဒီအကြောင်း
အားသူ့သူငယ်ချင်းတွေပင်မသိသလို ကျန်ချန်
လည်းမသိချေ။

ထို့အပြင် ဒီလိုမျိုးခြေကုန်လက်ပန်းကျစေတဲ့
အဖြစ်အပျက်...........သူမှုတ်ထုတ်လိုက်သော စီးကရက်ငွေ့များပုံသဏ္ဍာန်မပြောင်းခင်၊လေ
ထဲမှာအခိုးအငွေ့ပျံ့သွားတာကိုကြည့်မိသည်။
ထို့နောက် ဘေးသို့လှည့်၍ စားပွဲပေါ်ရှိ ပြာခွက်
ထဲသို့စီးကရက်ဖင်ကိုဖိချေပြီးပြတင်းပေါက်ကို
ပိတ်လိုက်၏။

သူသည်ထိုကဲ့သို့သောကုသမှုလုပ်ငန်းစဉ်အားအမှန်တကယ်ပင်ခုခံနိုင်စွမ်းမရှိခဲ့ပါချေ။၎င်းမှာကုမြောင်
အတွက် ဖြစ်ကောင်းဖြစ်နိုင်သလို၊ကျန်ချန်အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ရွှီရှင်းကျီကယုံကြည်စိတ်ချရသောပုံပေါက်နေသော
ကြောင့်ဖြစ်နိုင်၏။

"မင်းနဲ့ကုမြောင်နဲ့ဆက်သွယ်ပုံနည်းလမ်းမှာ
ပြသာနာရှိနေတယ်။"
ရွီရှင်းကျီကပြောခဲ့သည်။
"မင်းရဲ့လုပ်ရပ်နဲ့အပြုအမူတွေနဲ့သူ့ကိုအရိပ်အမြွက်
ပေးရမယ်။ သူ(မ)က မင်းကိုဗဟိုပြုပြီးလည်ပတ်နေတာ။ မင်းက သူ့ပတ်ဝန်းကျင်မှာ နှစ်တွေအကြာကြီးရှိ​နေခဲ့တာ။အစ်ကိုဖြစ်သူရဲ့ကြီးမားတဲ့သံယောဇဉ်ကသူ့(မ)အတွက်ထိုက်တန်ပြီးပျောက်ကွယ်သွားလိမ့်မှာမဟုတ်ကြောင်းအချိန်တွေက သူမကိုပြောပြခဲ့တယ်။ သူ့ဆီမှာအဲ့လိုအသိတစ်ခုကိုရင့်သန်လာတာနဲ့ ဘယ်ပြောင်းလဲမှုမဆို သူ(မ)ကိုပြိုလဲသွားစေလိမ့်မယ်။"

ကုဖေးသည်စားပွဲပေါ်တွင်လဲလျောင်းနေသော
ကုမြောင်ကိုကြည့်ပြီးသက်ပြင်းချလိုက်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now