"ငါကစက်ပစ္စည်းစုဆောင်းသူမဟုတ်ဘူးနော်။
ဒါတွေအတွက်ကအခုလုံလောက်ပြီ၊မှန်ဘီလူး
တွေထပ်မဝယ်တော့ဘူး။"တင်းကျူးရှင်းက တဲ့တိုးပြောလာသည်။
"မင်းမှာ ပိုက်ဆံမရှိဘူးလေ။""ငါ အဲဒီအတွက်ပိုက်ဆံမသုံးနိုင်ဘူး။ပိုက်ဆံသုံးဖို့နေရာတွေအများကြီးရှိတယ်။"
"တာ့ဖေး,"
တင်းကျူးရှင်း၏အသံက ခဏတိတ်သွား၏။
"ငါထပ်ပြောမယ်။တကယ်လို့ငါကူညီနိုင်စရာရှိ
တယ်ဆိုရင်ငါ့ကိုပြော။ ငါ တစ်ခြားကိစ္စတွေကို
မကူညီနိုင်ပေမယ့်၊မင်းအရေးတကြီးငွေလိုအပ်
ရင် ငါကူညီပေးနိုင်တယ်။""မင်းငါ့ကိုအများကြီးကူညီပြီးပါပြီ,တကယ်။"
တင်းကျူးရှင်းက မေးလာသည်။
"ဆောင်းရာသီအားလပ်ရက်ဆိုတော့ ကျန်ချန်
ပြန်ရောက်ပြီလား?။ အရင်က သူ့ကို သုံးဖူးတဲ့ ဖောက်သည်ဟောင်းတွေကသူ့ကိုရှာနေတယ်။
သူ့မှာ အချိန်ရှိလား။""ငါ့အထင်... အချိန်မရှိလောက်ဘူး။သူ့အတန်း
ဖော်သူငယ်ချင်းတွေနဲ့အတူလျှောက်လည်ကြ
မှာ။ပြီးတော့ဆောင်းရာသီအားလပ်ရက်ကတို
တိုလေး။""ကောင်းပြီ်,ငါနောက်မှအခွင့်အရေးရရင်ပြော
လိုက်မယ်။ နေ့လည်ကျရင် လူတစ်ယောက်နဲ့
အရင်သွားတွေ့ရမယ်ဆိုတာမင်းမှတ်မိတယ်
မလား။""အင်း။"
ကုဖေးဖုန်းချလိုက်ပြီးနောက်ခန္ဓာကိုယ်တစ်ပတ်
လှည့်၍ ပြတင်းပေါက်ဘောင်ပေါ်မှာ တံတောင်
ဆစ်ထောက်ပြီးအပြင်ကိုကြည့်လိုက်သည်။တကယ်ဆိုသူဒီနေ့တော်တော်ပင်ပန်းနေပြီဖြစ်
သည်။ဒီအလုပ်က ပိုက်ဆံပေါပေါများများရရုံ
သာမကအနာဂတ်မှာလည်းအလုပ်ကြီးကြီးမား
မားတွေရအောင်ကူညီပေးလိမ့်မည်ဆိုသောအ
ချက်ကြောင့်မဟုတ်လျှင် သူတကယ်အပြင်ကို
နောက်တစ်ခေါက်မထွက်ချင်တော့ဘူး။မနက်က ရွှီရှင်းကျီနှင့်နှစ်နာရီကျော်ကြာအောင်
စကားပြောပြီးနောက်တွင်သူအလွန်ပင်ပန်းနေခဲ့သည်။စကားများများပြောခဲ့ရခြင်းကြောင့်မဟုတ်ချေ။
ဒါပေမယ့်, ကုမြောင်၏အခြေအနေအား ရွှီရှင်းကျီ
ကိုမိတ်ဆက်ပေးနေချိန်တွင်၊နှစ်ပေါင်းများစွာချိတ်
ပိတ်ခံထားရသောမှတ်ဉာဏ်အများကြီးကိုဖွင့်ထုတ်
ခဲ့ရသည်။
YOU ARE READING
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}
Teen FictionType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -Completed Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^
Part 128 (zawgyi)
Start from the beginning