.....

အိမ်တော်ဆီရောက်တော့
သခင်လေးမင်းဆက်မဟာက မနက်စာ သုံးဆောင်နေသည်
ဒါကြောင့် သူလည်း ခပ်လှမ်းလှမ်းမှာရှိတဲ့ အကိုတေဇဘေး သွားရပ်နေလိုက်သည်
သူ့အနားကို ကိုတေဇကကပ်လာသည်
ပြောစရာရှိ၍လားဟု မျက်ခုံးပင့်ပြတော့
ခပ်ကြိတ်ကြိတ်နဲ့ သတိပေးလာသည်က
ဒီနေ့မဟာစံအိမ်သွားရမှာဖြစ်ကြောင်းပြောလာသည်
မထူးခြားတဲ့ အကြောင်းအရာမို့
ဒီတိုင်းပြောလည်း ရပါတယ် ကိုတေဇရ
အတင်းပြောတာမှ မဟုတ်ဘဲလို့ ရယ်မောကာ
ပြောလိုက်လေသည်
ကိုတေဇကတော့ ကျေနပ်ပုံ မရ ထပ်မံတိုးကပ်ကာ

"သခင်လေး သွေးသစ်မဟာနဲ့
နှစ်ယောက်သား အလုပ်ကိစ္စဆွေးနွေးကြမှာ
အဲ့တော့ ထုံးစံအတိုင်း
အပြင်းအထန်ငြင်းခုံပြိုင်ဆိုင်နေကြအုံးမှာ
အခြေအနေမကောင်းရင်
တစ်ယောက်နဲ့တစ်ယောက်
pheromonesတွေနဲ့ ဖိနှိပ်ကြအုံးမှာ
အဲ့အချိန်ဆို အကိုတို့လို Alphaတွေအတွက်တောင်အဆင်မပြေတာ
မင်းအတွက်ဆို လွယ်မှာမဟုတ်ဘူး
တစ်ခုခုအကြောင်းပြပြီး နေကျန်ခဲ့ "

"ဗျာ "

နေပါအုံး အခုပြောစကားအရဆို သူ့အကြောင်း အကိုတေဇက သိနေတာလား
မဟုတ်ရင် သာမန်Betaတစ်ယောက်ကို ဒီလိုတွေ သတိပေးနေဖို့ မလိုဘူးလေ

"သိနေတာလား...."

ရှောင်းကျန့် တေဇနားကပ်ကာ ခပ်တိုးတိုးမေးတော့ ခေါင်းငြိမ့်ပြတဲ့ အကိုကြောင့်
စိတ်လှုပ်ရှားမှုတို့အပြည့်
သခင်လေးအားကြည့်လိုက်တော့လည်းအေးအေးလူလူသာ စားသောက်နေသည်မို့
သူ့အကြောင်းမသိလောက်သေး
သူကိုတေဇအား အသနားခံနေတဲ့ မျက်နှာလေးနဲ့ ကြည့်လိုက်လေသည်

"အဲ့လောက်စိုးရိမ်ပြမနေနဲ့
မင်းလည်း မင်းအကြောင်းရှိမှာပေါ့
နားလည်ပါတယ်
တစ်ခုပဲ သခင်လေး ဆီမှာတော့ အမိမခံနဲ့ "

ထိုစကားကြားမှ စ်ိတ်သက်သာရာရသွားတော့သည်

"ကျေးဇူးပါ ကိုတေဇ
ဒါနဲ့လေ... ဘယ်လိုသိသွားတာလည်း
ကျွန်တော်လည်း ဆင်ခြင်နိုင်အောင် "

"သော်ဇင်ပြောပြတာပါ
ပုံမှန်တိုင်းနေ မရိပ်မိနိုင်ပါဘူး
ဒါပေမယ့် အန္တရယ်ကိုတော့ကြိုရှောင်သင့်တယ်
သခင်လေးကို တစ်ခုခုအကြောင်းပြပြီး
နေခဲ့ "

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now