"ဒါပေါ့ အခုတောင်လက်စသတ်နေတာ
အပြင်သွားဖို့ အကို့ကိုတောင်ကား ထုတ်ခိုင်းထားတာ "

"ဒါဆိုမနှောက်ယှက်တော့ဘူး အကို
ကျနော် အဆောင်ပြန်တော့မယ် "

သူသိချင်တာလုံလောက်သွားပြီမို့
အကိုတေဇအား နှုတ်ဆက်ကာပြန်ဖိုပြင်သည်
သို့သော် ကံမကောင်းခဲ့ပါ
အဆောင်ပြန်တော့မယ့်သူကို ဂုတ်ကနေဆွဲထားသူတစ်ယောက်ရှိနေခဲ့သည်
နောက်လှည့်ကြည့်တော့ အခြားသူမဟုတ်
သခင်လေးမင်းဆက်မဟာပင်

"ဒီရက်ပိုင်း သူ့ကို dutyထဲမထည့်နဲ့လို့ မှာထားတယ်လေ "

ဂုတ်ကအဆွဲခံရတာသူပေမယ့်
အပြောခံရတာက အကိုတေဇဖြစ်ခဲ့လေသည်

"dutyမဟုတ်ပါဘူး သခင်လေး "

ကိုယ့်အတွက်နဲ့ အခြားသူကို မထိခိုက်စေချင်တဲ့အတွက် အမှန်တရားကို ဝန်ခံရလေသည်
ကြောက်ပေမယ့်လည်းပေါ့

"ဒါဆို ဘာလို့ ဒီရောက်နေတာလဲ "

အကြောင်းပြချက်မေးလာပြန်တော့လည်း ဖြေရန်မရှိ
ကြောင်တောင်တောင်လေးကြည့်ရန်သာ တတ်နိုင်သည်

"ကိုယ့်အဆောင်ကိုယ် ပြန်တော့သွား
အငြိမ်မနေလို့ ဒဏ်ရာ မြန်မြန်မပျောက်ရင်
အလုပ်ပျက်တယ်

တေဇ သွားမယ်"

ထွက်သွားပြီဖြစ်သူအား
ပြေးကန်တော့မယ့်ဟန်လုပ်တယ်
တကယ်တော့ ပြေးမကန်ရဲပါ အသက်ပျောက်သွားနိုင်သည်လေ

.
.
.
.
.

"အသစ်လေး အပြစ်ပေးခံရမယ် ထင်နေတာ "

ကားမောင်းရင်း တေဇဆိုလေတော့
မင်းဆက်မဟာက သူနဲ့ မဆိုင်သလို
ကားပြတင်းမှ အပြင်သို့ ငေးရင်းအတွေးများနေဟန်

"ထူးထူးခြားခြား သတိထားမိနေလို့ "

မဖြေတော့ဘူးထင်ရပေမယ့်
ဖွင့်ဟလာတာပါဘဲ
အခြားသူဆို ပြောမှာမဟုတ်လောက်ပေမယ့် သူနဲ့မင်းဆက်မဟာဆိုတာ ညီအကိုလို ဆက်ဆံရေးတွေလေ

"သခင်လေးနှလုံးသားကို လှုပ်ခတ်သွားလိုက်ပြီလား အဲ့ကောင်လေးက"

"အဲ့လောက်မဟုတ်ဘူး သတိထားမိရုံလေးပဲ "

"ဒါဆို စောင့်ကြည့်ရမှာဘဲ
betaကောင်လေးက ဘယ်လောက်ထိ
ဆွဲဆောင်ထားမလဲဆိုတာကို "

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now