အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း

Mulai dari awal
                                    

လုကျိုးက ဓားကို ကိုင်ပြီးနောက် ယင်းကို အကဲဖြတ်လိုက်တော့သည်။ ဓား၏ဒီဇိုင်းက အကောင်းဆုံးမဟုတ်ပေ။ အမှန်တကယ်တွင် အနည်းငယ်ရုပ်ဆိုးနေပေ၏။ညာ ဖက်လက်ကို မြှောက်လိုက်ရာ အမည်မဲ့ဓားက သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုဓားကို ပိုင်းဖြတ်ရန် အမည်မဲ့ဓားကို သုံးလိုက်တော့၏။

လူတိုင်းက လုကျိုး၏ အပြုအမူကြောင့်အံ့ဩမှင်သက်နေကြသည်။ သူတို့၏ အမြင်တွင် လုကျိုးက သူ၏လက်ချောင်းဖြင့်ဓားကို ပိုင်းဖြတ်သည်ဟုသာထင်နေရ၏။ ထိပ်တန်းအဆင့်မြေကမ္ဘာ လက်နက် ဖြစ်ရာ လုကျိုးသည် လက်ဗလာဖြင့် ဓားကို ဖြိုခွဲရန် ကြိုးစားနေသည်ဟု သူတို့က တွေးမိကြတာပဲ ဖြစ်သည်။ သူတို့အားလုံး၌အတွေး တူညီနေသော်ငြား မည်သူကမျှသူတို့၏ အတွေးများကို  မထုတ်ဖော် ရဲချေ။

ဖန်းရှုဝမ်က လေးနက်သည့်အသံဖြင့် ပြောလိုက်တော့သည်။ “မိစ္ဆာကောင်က ငါထင်တဲ့အတိုင်းပဲ။ လူသေတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို မက်မောနေတာ ခင်ဗျား ညကျ ဘယ်လိုလုပ်အိပ်နိုင်ပါ့မလဲ”

မင်ရှစ်ရင်က စိုက်ကြည့်ပြီးနောက်ပြောလိုက်တော့၏။

“ကျုပ်တို့တွေက ခင်ဗျားပြောသလိုသာဆိုရင် ကျင့်ကြံခြင်းလောကထဲမှာ လက်နက်ကြောင့် တိုက်ခိုက်တဲ့သူတွေက ညဆို အိပ်နိုင်တော့မှာ မဟုတ်ဘူး”

ဖန်းရှုဝမ်က ပြန်မပြောပေ။ အမှန်တကယ်ပင် လက်နက်အတွက် လူအများတိုက်ခိုက်သည်က သာမန်သာဖြစ်သည်။

လုကျိုးက လက်နက်ကို စစ်ဆေးပြီးနောက် ခေါင်းခါလိုက်တော့သည်။ ယခင်က အမည်မဲ့ဓားကို မောင်နှံဓားနှင့် ရိုက်ချရန်အသုံးပြုခဲ့စဉ်က မောင်နှံဓားက အထိခိုက်မရှိခဲ့ပေ။ လက်ရှိတွင် ဤအထွတ်အထိပ်မြေကမ္ဘာ အဆင့်လက်နက်ကလည်း အမည်မဲ့ကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ ဆိုလိုသည်က အမည်မဲ့သည် မြေကမ္ဘာအဆင့်လက်နက်နှင့်တောင် မကိုက်ညီသည်လော။

လုကျိုးက ဓားကို ပစ်ထုတ်လိုက်ရာ မင်ရှစ်ရင်က ဖမ်းလိုက်ပြီး စိတ်ထဲ၌ ပျော်ရွှင် ကြည်နူးသွားသည်။ သို့သော် ဓားကို ဖမ်းလိုက်မိသည်နှင့် အက်ကွဲသံသဲ့သဲ့ကိုကြားရပြီး ဓားပေါ်၌ အက်ရာတစ်ရာ ပေါ်လာတာကို တွေ့လိုက်ရသည်။ သိပ်မကြာမီ၌ နှစ်ပိုင်းကျိုးပြီး မြေကြီးပေါ် သို့ ပြုတ်ကျသွား၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲTempat cerita menjadi hidup. Temukan sekarang