၂၆၅။ "တိမ်ဖုံးတောင်ထွတ် - ၁"

Bắt đầu từ đầu
                                    

ဂျန်ဝုရှီက မျက်လုံးမှိတ်လိုက်ပြီး သတ်ဖြတ်လိုသည့် ဆန္ဒကို ကြိတ်မှိတ် သည်းခံလိုက်သည်။

“သဘောတူတယ်” သူမက အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် ခဲချန်ဂျုက ကြောက်စရာ အပြုံးကို ပြုံးလိုက်သည်။

“ကလေး, မင်း ကနေ့ ရွေးချယ်မှုက မှန်ကန်ကြောင်းကို မကြာခင် မင်း သိလာရလိမ့်မယ်။” ခဲချန်ဂျုက ချောက်ချားဖွယ်ရာ တကော်ကော်ဖြင့် ရယ်လိုက်သည်။ သူက အမျက်ချောင်းချောင်း ထွက်နေသည့် မုချန်ကို လျစ်လျူ ရှူ၍ ထွက်သွားသည်။

ဂျန်ဝုရှီက ထွက်ခွာသွားသည့် ခဲချန်ဂျု ကျောပြင်ကို စူးစူးရဲရဲကြည့်နေသည်။ သူမ မျက်လုံးများက အေးစက်နေသည်။

သူ လောလောဆယ် ကျူးလွန်ခဲ့တဲ့ အမူက ဘယ်လောက်တောင် သေစေလောက်အောင် မှားယွင်းသလဲဆိုတာကို သူ မကြာခင် သိလာလိမ့်မယ်။

မုချန်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ထို့နောက် သူ့ဒေါသကို အတင်း ဖိနှိပ်လိုက်သည်။ သူက တည်ငြိမ်အောင် ကြိုးစားသည်။ သို့သော် သူ့နှုတ်ခမ်းများက ဒေါသထွက်နေတာကို ပြသနေသည်။

“နောင်တစ်ချိန်မှာ မင်း လိုအပ်လာတာ ရှိလာခဲ့ရင်, မင်း ငါ့ကို လာရှာနိုင်တယ်၊ တိမ်လှေခါးတောင်ထွတ်က မင်းကို အမြဲတမ်း ဖိတ်မံထားတယ်။” မုချန်က နူးညံ့စွာ ဂျန်ဝုရှီကို ပြောလာသည်။

ခဲချန်ဂျုက ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများ ကျူးလွန်တာကို သူ ဂရုမစိုက်‌ချေ။ သို့သော် သူ့ရှေ့မှ ကောင်လေးက မြင့်မားသည့် အရည်အသွေးရှိသည်မို့ ခဲချန်ဂျုလက်ထဲမှာ ပျစ်စီးသွားမှာကို သူ မလိုလားပေ။ သူ့မှာ အခွင့်အရေး မည်မျှလောက် နည်းပါးပါစေ, မှုန်ပျပျသာ အခွင့်အရေး ရှိပါစေ, ထူးခြားထက်မြက်သည့် သည်ကလေးကို ပိုင်ဆိုင်ချင်သည်။

“ကျေးဇူးပါ” ဂျန်ဝုရှီက မုချန်ကို ရိုးသားစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။ ဂျန်ဝုရှီက မုချန်၏ ရိုးသားခြင်းကို ခံစားမိသည်။

မုချန်က ဘာမျှ မတတ်နိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ ခဲချန်ဂျု၏ ကြားဝင် နှောင့်ယှက်ခံရခြင်းကြောင့် တပည့်အသစ်များကို လက်ခံရန် သူ့မှာ လိုအင်ဆန္ဒ မရှိတော့ချေ။ အတော်ဆုံး ဝင်ခွင့်တောင်းသူများကိုလည်း အစောကတည်းက ယူဆောင်သွားခဲ့ပြီမို့ သည်မှာ ကျန်နေသည့် အုပ်စုက သူ သတိပြုမိဖို့ မထိုက်တန်တော့ချေ။

ကနေ့ သူ၏ ရှားပါးသည့် ကမ်းလှမ်းချက်က, သူ့ဘဝကို ပြောင်းလဲစေလိမ့်မည်ဆိုတာကို မုချန်က လုံးလုံး မသိခဲ့ပေ။

အကြီးအကဲ နှစ်ယောက် ထွက်ခွာသွားခြင်းကြောင့် ကျန်နေသည့် လူငယ်အုပ်စုက ပျာယာခတ်လာကြသည်။ သို့သော် ကျန်ရှိနေသည့် နေရာများအတွက် သူတို့က တိုက်ပွဲဝင်ရအုံးမည် ဖြစ်သည်။ သူတို့၏ အကောင်းဆုံး အရည်အချင်းကို အပင်ပန်းခံကာ ကြိုးစားပြကြရအုံးမည်။

ကျောက်ချူနှင့် ဂျန်ဝုရှီအတွက် သူတို့က တိမ်ဖုံး တောင်ထွတ်သို့ ဝင်ရောက်ရန် ရွေးချယ်ခံပြီး ဖြစ်သည်မို့ တိတ်ဆိတ်စွာ နောက်ဆုတ်၍ ပျာယာခတ်နေသည့် လူငယ်များနှင့် မတူခြားနားစွာ ဘေးဘက်မှာ ရပ်နေကြသည်။

“မင်း တိမ်လှေခါး တောင်ထွတ်ကို သွားချင်တယ်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာ မရှိကြဘူးလေ၊ စိတ်ချက် လက်ချသာ နေပါကွာ၊ မင့်အနားမှာ ငါရှိနေသေးသရွေ့, အဲအရုပ်ဆိုးဆိုး ဘီးလူးကောင်ကနေ မင်းကို ထိခွင့်မရအောင် ငါ ကာကွယ်ပေးမှာပါ။” ကျောက်ချူက ဂျန်ဝုရှီအား စိတ်ချစေရန် ပြောလေ၏။

 

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ