အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့

Start from the beginning
                                    

ခန်းမတစ်ခုလုံး တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။

မင်ရှစ်ရင်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်သည်။

“ တောင်းဆိုမှုက ငြင်းပယ်ခံရမယ်မှန်းသိရင် အစကတည်းက လေကုန်ခံပြီး ပြောနေစရာမလိုဘူး”

တွမ့်မူရှန်းကလည်း ဝင်ပြောလိုက်သည်။

“ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းကို နန်းတော်ကိစ္စထဲ ဝင်မရှုပ်ဖို့ ပြောနေတာ။ ခင်ဗျားရဲ့ သဘောတရားအရဆိုရင် ကျုပ်တို့သာ ခင်ဗျားရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တာနဲ့ နန်းတော်ကလူက ကျုပ်ကို ဓားနဲ့ထိုးသွားရင်တောင်မှ ကျုပ်က ဘာမှမလုပ်ဘဲ တောင့်ခံနေရမယ်ဆိုတဲ့ သဘောလား”

“…”

“ဝူရှစ်မေ့ ကျောင်းယွဲ့ရဲ့ကျင့်ကြံဆင့်ကို နန်းတော်ကလူက စည်းပိတ်ထားခဲ့တာ။ အဲဒီကိစ္စကိုရော ဘယ်သူက ဖြေပေးမှာလဲ။ ပြီးတော့ ယွီလုံရွာရဲ့ ဖျက်ဆီးခံရမှုကိုလည်း ဘယ်သူက ဖြေပေးမှာလဲ”

တွမ့်မူရှန်းက မေးလိုက်သည်။ အားလုံးက တွမ့်မူရှန်း၏ အပြောကောင်းမှုကြောင့် အံ့ဩသွားကြ၏။ သူက အချက်ကျကျ စကားပြောကောင်းသူ ဖြစ်ပေသည်။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ပြောလိုက်သည်။

“လန်လော့ မင်းကြားတယ်မလား” ကြည့်ရတာ သူက တွမ့်မူရှန်းစကားကို သဘောတူပုံရ၏။

ဤသည်က လုကျိုး၏ တပည့်များအား ယုံကြည်ချက် ဖြစ်သွားစေသည်။ အတိတ်က ဤသို့သော အခြေအနေမျိုးသာ ဖြစ်ခဲ့ပါက သူတို့ ဝင်ပြောလိုက်လျှင် သူတို့ဘာသာသူတို့ ကပ်ဘေးယူဆောင်သလို ဖြစ်သွားပေမည်။

ဖန်းရှုဝမ်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“နန်းတော်ရဲ့အမိန့်ကို ငြင်းပယ်လို့မရဘူး။ လောင်ချန်ပေ့က နန်းတော်ရဲ့အဆင့်နဲ့ လိုက်ပြီးတော့ နှိမ့်ချနေဖို့ မလိုပါဘူး”

“မဟုတ်ဘူး မင်းနားမလည်ဘူး” လုကျိုးက ထရပ်ကာ လက်နောက်ပစ်လျက် လှေကားမှ ဆင်းလာခဲ့သည်။

ဤရိုးရှင်းသော အပြုအမူလေးက ဖန်းရှုဝမ်အား သတိကြီးကြီးဖြင့် မတ်တတ်ထရပ်သွားစေသည်။ ထိုစဉ် ဖန်းရှုဝမ်၏ နောက်လိုက်လေးယောက်လုံးလည်း အနည်းငယ် စိုးရိမ်လာကြ၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now