အပိုင်း ၇၇ (ဇာတ်သိမ်း)

4K 491 24
                                    

Unicode

Final

မုရှောင်ယက ညလယ်တွင် နိုးလာသည်။ နှစ်ဖက်မိဘတွေက သတင်းကြားတော့ နောက်တစ်နေ့မနက် စောစောထလာကြသည်။ နှစ်သိမ့်မှုများစွာပေးပြီးနောက်တွင် ရှန်ချင်းယီ တစ်ယောက်သာကျန်နေခဲ့သည်။ မုရှောင်ယရဲ့ အနားယူမှုကို မထိခိုက်စေရန်အတွက် အခြားသူများသည် သူမကို စစ်ဆေးပြီးနောက် ပြန်သွားကြသည်။

ခြောက်ရက်လုံးလုံး ကောင်းကောင်း အနားမယူခဲ့သော ပိုင်ချွမ်းက နောက်ဆုံး ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

ရှန်ချင်ယီက သူ့သမီးအတွက် ပန်းသီးတစ်လုံးကို လှီးဖြတ်ကယ သက်ပြင်းချရင်း ပြောလာသည်။ "ဒီတစ်ခါ မင်း ရုတ်တရက် နေမကောင်းတဲ့အချိန် ရှောင်ချွမ်း ရဲ့ စွမ်းဆောင်ရည်က မားတို့မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ "

"သူ ဘာဖြစ်သွားတာလဲ။ "  မုရှောင်ယ နာမကျန်းဖြစ်ပြီးနောက် ၎င်း၏စွမ်းဆောင်ရည်ကို သိချင်သော်လည်း ပိုင်ချွမ်းက အလွန်မောပန်းနေပြီဖြစ်ပြီး မေးလာမှာမလိုလားကြောင်း မနေ့က သူမမြင်လိုက်ရသည်။

"သူက ငါတို့အားလုံးထဲမှာ သူကအငြိမ်ဆုံးပဲ "  ရှန်ချင်းယီက ပြောလာသည်။ “လူနာတင်ကားခေါ်ပြီး ဆေးရုံတင်ထားတယ်၊ အခြေအနေကိုပြောပြတယ်၊ မားတို့ကို ဆက်သွယ်တယ်၊ မင်းကို ဂရုစိုက်တယ်၊ အရာအားလုံးကို စနစ်တကျစီစဉ်ထားပြီး၊ အော်တစ်ဇင်ရောဂါရှိသူ လုံးဝလုပ်ရမယ့်အရာမဟုတ်ဘူး။  အဲဒီအစား ငါတို့ကသာ ဘာလုပ်ရမှန်း မသိတဲ့လူပဲ”

"သူ့မှာ ဘာပြဿနာမှမရှိဘူးလား "

“ဟင့်အင်း သူက မင်းရဲ့လူနာခန်းထဲမှာ ခေါင်းမာမာနဲ့နေပြီး တစ်ခြားသူတွေကို မင်းကို ဂရုစိုက်ခွင့်မပေးဘူး။  ဘဝမှာ သေခြင်း လမ်းခွဲတာကို နားမလည်တာကြောင့် အေးအေးဆေးဆေး နေခဲ့တယ်လို့ မားထင်တယ်”  ရှန်ချင်းယီက ပြုံးကာပြန်ပြောသည်။ "အရင်က မင်းပါးနဲ့ မားက ပိုင်ချွမ်း မင်းကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူးလို့တွေးခဲ့တာ အခုက မားတို့က အရမ်းစိုးရိမ်နေပုံရတယ်”

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now