အပိုင်း ၄၇

2.7K 433 19
                                    

Unicode

ညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၄၇ - မင်း ဘာကိုကြောက်တာလဲ?


"ရှောင်ချွမ်း ဒီနေ့ သား ရှောင်ယကို အလုပ်ကသွားကြိုတယ်လို့ မား ကြားတယ်"  ညစာစားချိန်မှာ လီရုံက ဤကိစ္စကိုပြောဖို့ ငြိမ်သက်ဟန်ဆောင်သည်။

ပိုင်ကျန့်က သူ့ဖုန်းမကိုင်ဘဲ ပိုင်ချွမ်း ကုမ္မဏီအဆောက်အဦးက ထွက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူမကိုချက်ချင်းသတင်းမပို့ခဲ့ပေမယ့် ပိုင်ချွမ်းကိုရှာတွေ့ပြီးနောက်မှာတော့ သူမသိခဲ့သည်။  ဒီလိုကိစ္စမျိုးက သူမပထမဆုံးအကြိမ် ကြောက်ရွံ့ခြင်းမျိုး မဟုတ်ပေမယ့်လည်း သူမရဲ့နှလုံးသားက မကူညီနိုင်ဘဲ တုန်လှုပ်ချောက်ချားနေဆဲပါပဲ။

အရင်က ပိုင်ချွမ်းလည်း လှည့်ပတ်သွားခဲ့သည်။  တကယ်တော့ သူ ပျောက်သွားတယ်လို့ ပြောလို့မရပါဘူး၊ သူဘယ်သွားသွားမှန်း ဘယ်သူမှ မသိဘဲ ပိုင်ချွမ်း တစ်ယောက်တည်း ထွက်သွားခဲ့တာပါပဲ။  ထိုအချိန်မှာ သူမက ပိုင်ချွမ်းကို စောင့်ရင်း စိုးရိမ်ထိတ်လန့်ကာ ကြောက်လန့်နေခဲ့သည်။ သူ့ကိုတွေ့ပြီး ပြန်လာတော့ ပိုင်ချွမ်းကို သူမ မျက်ရည်တွေထိန်းပြီး အနာဂတ်မှာ တစ်ယောက်တည်း အပြင်မထွက်ဖို့ ပြောခဲ့သည်။ သို့သော်လည်း သူမက ဤတစ်ကြိမ်တွင် ပိုင်ချွမ်းကို သာမန်လူတစ်ယောက်လို အေးအေးဆေးဆေး ဆက်ဆံပြီး သူတစ်ယောက်တည်း အပြင်ထွက်ခြင်းအကြောင်း ဘာမှ မပူပင်ခဲ့ပေ။

"မာ၊ ဒီတစ်​ခါ​တော့ ရှောင်ချွမ်းကို ဒီကိစ္စအကြောင်း ထပ်ခါတလဲလဲ ​မ​ပြောပါနဲ့"  ပိုင်ကျန့် ပြန်လာပြီးနောက်မှာ ပိုင်  စုံတွဲကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည်။ လီရုံက နားမလည်သော်လည်း ပိုင်ကျန့်က ကိစ္စရပ်များကို တည်ငြိမ်သောပုံစံဖြင့် အမြဲကိုင်တွယ်တတ်ကြောင်း၊ သူပြောသမျှသည် ယုတ္တိရှိသော အကြောင်းပြချက်များရှိမည်ကို သူမသိတာကြောင့် သူမက အများကြီးမမေးဘဲ ထမင်းစားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါးပြောနေခဲ့သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now