အပိုင်း ၁

6.5K 686 7
                                    


Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁; ပြန်လည်မွေးဖွားခြင်း


မုရှောင်ယ သေဆုံးတော့မှာဖြစ်သည်။ အတိအကျပြောရမယ်ဆို လွန်ခဲ့တဲ့ ဆယ်ရက်က သူမသေဖို့နီးလာပြီလို့ ရှင်းရှင်းလင်းလင်းခံစားခဲ့ရသည်။

လွန်ခဲ့သော ၁၀ ရက်က သူမဆွေမျိုးသားချင်း အိမ်ကိုသွားလည်တာ လေဆိပ်မှထွက်လာလာခြင်းဘဲ လမ်းဘေး၌ မူးမေ့လဲသွားပြီး ထိတ်လန့်မှုများစွာ ဖြစ်စေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ လေဆိပ်၏ ကယ်ဆယ်ရေးအစီအမံများသည်မှန်ကန်ခဲ့ပြီး သူမကိုဆေးရုံသို့အမြန်ပို့ခဲ့သည်။

သူမနိုးလာတဲ့အခါ သူမရဲ့မိသားစုက အဆက်အသွယ်ရပြီးနေပြီ။  သူမအနေနဲ့ မည်သည့်မေးခွန်းကိုမှ မေးရန်မလိုအပ်ခဲ့ပေ။  သူမဟာသူမရဲ့မိဘတွေရဲ့ နီရဲပြီး ရောင်ရမ်းနေတဲ့ မျက်လုံးတွေကို တွေ့လိုက်ချိန်ထဲက သူမတစ်ခုခုဖြစ်နေတယ်ဆိုတာသိသလို ကြောက်လဲကြောက်နေခဲ့သည်။ ဒီလိုမှမဟုတ်ရင် အမြဲတမ်းတည်ငြိမ်နေတဲ့ သူမရဲ့မိဘတွေက စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ရှိမှာမဟုတ်ဘူး။ မုရှောင်ယက မေးချင်ပေမဲ့ သူမပါးစပ်ကိုဖွင့်ဖို့အင်အားမရှိပေ။

ထို့နောက် သူမသည်တစ်ဖန် သတိလစ်မေ့မျောသွားပြီး ဒီလိုနဲ့သူမက နိုးလာလိုက် မေ့သွားလိုက်ခဏခဏဖြစ်နေခဲ့သည်။ အဲ့ဒီလိုနဲ့ သူမခန္ဓာကိုယ်က တဖြည်းဖြည်းအားနည်းလာပြီး...သူမအိပ်ယာဘေးက ဆေးဘက်ဆိုင်ရာကိရိယာတွေက ပိုများလာသည်။

ဆေးရုံမှာ တစ်ပတ်နေပြီးချိန် သူမက ICU ထဲကိုနှစ်ကြိမ်ရောက်ခဲ့ပြီးပြီ။ အဲ့ဒီချိန်မတိုင်ခင်အထိ သူမမှာဘာဖြစ်နေလဲဆိုတာကို သူတို့မသိခဲ့ကြပေ။

"မစ္စမု မင်းမှာရှားပါးတဲ့ မျိုးရိုးဗီဇရောဂါရှိတယ်"  ဆရာ၀န်က သနားကြင်နာစွာပြောလာခဲ့သည်။ “ ဒီမျိုးရိုးဗီဇရောဂါက တစ်ကယ်ကို ဖြစ်ခဲပြီး ဖြစ်နိုင်ခြေနည်းပါးတယ်။ အဲ့ဒီရောဂါက မပေါ်လာခင်မှာ လုံးဝကျန်းမာနေခဲ့ပြီး စတင်ဖြစ်ပွားတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က လျင်မြန်စွာယိုယွင်းလာလိမ့်မယ် ”

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now