အပိုင်း ၃၈

3.1K 491 5
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၃၈ - အလုပ်ကိုရှောင်ပြေးခြင်း


ပိုင်ချွမ်းရဲ့ ရုံးခန်းက အဆုံးတွင်ရှိပြီး သူ့ရုံးခန်းနှင့် အပြင်ဘက်တွင် ဖောက်ထွင်းမြင်ရသော မှန်နံရံဖြင့် ခြားထားတာကြောင့် သူမော့ကြည့်လိုက်တိုင်း အပြင်ဘက်အခြေအနေကို သူမြင်နိုင်သည်။ ဒါပေမယ့် ပိုင်ချွမ်းရဲ့ အလုပ်မှာ အာရုံစူးစိုက်မှုကတော့ ထူးထူးခြားခြားပါပဲ။ ကွန်ပြူတာစခရင်ကိုကြည့်ရင်း၊ မျက်လုံးကိုမှိတ်ထားရင်း သူ့မြင်ကွင်းက အဲဒီအပြင် ဘက် ဘယ်ကိုမှ ရွေ့မသွားဘူး။  ဤအချိန်တွင် သူက ဖန်သားပြင်၏နောက်ဘက်သို့ အနည်းငယ်သာကြည့်မည်ဆိုလျှင်၊ မှန်နံရံအပြင်ဘက်တွင် မုရှောင်ယ ရပ်နေသည်ကို သူမြင်ရပေလိမ့်မည်။

မုရှောင်ယက ရုံးခန်းထဲ တိုက်ရိုက်မဝင်ဘဲ ပိုင်ချွမ်းရုံးခန်းရှေ့တွင်သာ ရပ်လိုက်ပြီး မှန်နံရံတစ်ဖက်မှ ပိုင်ချွမ်းကို တိတ်တဆိတ် ကြည့်နေသည်။ သူမ ပိုင်ချွမ်းအလုပ်လုပ်တဲ့ ပုံစံကို မမြင်ဖူးဘူး။ သူသည် ခါတိုင်းကဲ့သို့ပင် ဂရုတစိုက်ရှိသော်လည်း သူမအား အံ့အားသင့်စေသည့် ဤတည်ငြိမ်ပြီး ယုံကြည်မှုရှိသော စိတ်ထားရှိသည်။

“Beep, beep beep…”

ပိုင်ချွမ်းရဲ့ ဖုန်းက ရုတ်တရက် မြည်လာပြီး အထူး အချက်ပြလာသော အသံကြောင့် ကီးဘုတ်ပေါ်တွင် စာရိုက်ခြင်းကို ချက်ချင်းရပ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။

မုရှောင်ယ : 'ရှင်အလုပ်များနေလား။ '

'အဲ့ဒါရှောင်ယပဲ ' ပိုင်ချွမ်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး 'အလုပ်မရှုပ်ပါဘူး' လို့ အမြန်ပြန်ဖြေလိုက်သည်။

မုရှောင်ယ : 'ဒါဆို ရှင့်ခေါင်းကို မော့ကြည့်လိုက်'

ပိုင်ချွမ်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ လွတ်ထွက်သွားသော်လည်း နာခံမှုဖြင့် ခေါင်းကို မော့ကြည့်လိုက်သည်။ နောက်တော့... မုရှောင်ယက သူ့ရုံးခန်းအပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now